Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်တွင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် စားသုံးမှု တစ်ရက် တန် ၁,၀၀၀ ကျော်သို့ ရောက်ရှိ

ဗီယက်နမ်တွင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် စားသုံးမှု တစ်ရက် တန် ၁,၀၀၀ ကျော်သို့ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်တွင် ယမန်နှစ်က တစ်ရက်လျှင် အသင့်ပြုတ်စားခေါက်ဆွဲခြောက် ၁၁၂၇ တန်ကျော် စားသုံးခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း တိုးလာသည်ဟု ဗြိတိန်အခြေစိုက် စျေးကွက်သုတေသနကုမ္ပဏီ Euromonitor က ဆိုသည်။

.

ဗီယက်နမ်သည် ၂၀၂၁ ခုနှစ်တွင် အသင့်ပြုတ်စားခေါက်ဆွဲခြောက်တန်ချိန် ၄၁၁,၅၀၀ ခန့်စားသုံးခဲ့ပြီး ၂၀၂၀ ခုနှစ် စားသုံးမှုပမာဏထက် ၉% တိုးခဲ့သည်။

.

ပြည်တွင်းဈေးကွက်မှာ အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ရောင်းရငွေစုစုပေါင်းသည် ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်ဒေါင် ၃.၈ ထရီလီယံ (ကန်ဒေါ်လာ ၁၅၃.၂ သန်းကျော်) ကျော်သွားခဲ့သည်။ ၂၀၂၀ ခုနှစ်ထက် ၁၁% ပိုများပြီး ၂၀၁၆ ခုနှစ်ထက် ၁၈% ပိုများသည်။

.

Euromonitor ၏ နှစ်စဉ်ထုတ်ဝေသော ကမ္ဘာလုံးဆိုင်ရာ ခေါက်ဆွဲစားသုံးမှုအစီရင်ခံစာအတွက် သုတေသနကို နိုင်ငံပေါင်း ၈၀ တွင် ပြုလုပ်ခဲ့ပါသည်။

.

ကမ္ဘာ့အသင့်ပြုတ်စား ခေါက်ဆွဲခြောက်အသင်း World Instant Noodles Association (WINA) ၏ အချက်အလက်များအရ ဗီယက်နမ်သည် တောင်ကိုရီးယားကို ကျော်ပြီး ကမ္ဘာမှာ တစ်ဦးချင်းအရ ခေါက်ဆွဲခြောက် အများဆုံးစားသုံးသည့် နိုင်ငံအဖြစ်ကို ရရှိထားသည်။ ပျမ်းမျှအားဖြင့် ဗီယက်နမ်တစ်ဦးသည် တစ်နှစ်လျှင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ၈၇ ထုပ်ကို စားသုံးကြသည်။

..

ဂျပန်နိုင်ငံမှ Acecook နှင့် ဗီယက်နမ်မှ Masan တို့သည် ဗီယက်နမ် ခေါက်ဆွဲခြောက်ဈေးကွက်၏ ထိပ်တန်းကုမ္ပဏီနှစ်ခုဖြစ်ပြီး ၎င်းကုမ္ပဏီနှစ်ခုပေါင်း စျေးကွက်ဝေစု ၃၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း Euromonitor က တင်ပြထားသည်။

..

ဗီယက်နမ်တွင် ဂျပန် အသင့်ပြုတ်စားခေါက်ဆွဲခြောက်ထုပ် စျေးကွက်ဝေစုသည် ၂၀၁၇ ခုနှစ်တွင် 24% နီးပါး ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၉% ကျော်သို့ ကျဆင်းသွားသည်။

ဗီယက်နမ်လုပ်ငန်းများမှ ထုတ်လုပ်သည့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များသည် အကြမ်းဖျင်းအားဖြင့် ၁၂ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းနီးပါးသို့ မြင့်တက်လာခဲ့သည်။

 

vietnamese-consume_1.png

 

အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် brand များတွင် Acecook ၏ Hao Hao သည် နှစ်ကာလရှည်ကြာ လူကြိုက်အများဆုံး ဖြစ်သော်လည်း ဈေးကွက်ဝေစု လျော့ကျလာနေသည်။ ပြီးခဲ့သည့်နှစ်တွင် ဈေးကွက်ဝေစု ၇.၇% ဝန်းကျင် ရရှိခဲ့သည်။

လုပ်ငန်းအနေဖြင့် Acecook သည် ဗီယက်နမ်ရှိ ခေါက်ဆွဲခြောက်လုပ်ငန်းများအကြားတွင် ဝင်ငွေအများဆုံး ရရှိသည်မှာ နှစ်ကာလကြာမြင့်ပြီ ဖြစ်သည်။  ၂၀၁၉ တွင် ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၀ ထရီလီယံ ရရှိခဲ့သည်။ ၂၀၂၁ တွင် ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၂.၂ ထရီလီယံ ရရှိသည်။ ၁၅% မြင့်တက်ခဲ့သည်။

Masan, ဗီယက်နမ်လုပ်ငန်း Asia Foods အပါအဝင် အခြား အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ထုတ်လုပ်သည့် လုပ်ငန်းများကို Acecook ယှဉ်ပြိုင်လျက် ရှိသည်။

.

Masan သည် ၂၀၂၁ တွင် brand ၅ ခုအတွက်ဝင်ငွေစုစုပေါင်း ဗီယက်နမ်ဒေါင် ၂ ထရီလီယံ ရရှိခဲ့သည်။ ၎င်း brand ၅ ခုတွင် ၂ ခုမှာ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် brand များ ဖြစ်သည်။

Source vnexpress 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 09 December 2022 19:59
Rate this item
(0 votes)