Restaurants



Lotteria စင်ကာပူ၊ မလေးရှားတွင် ဆိုင်များဖွင့်ရန် လေ့လာသုံးသပ်

Lotteria  စင်ကာပူ၊ မလေးရှားတွင် ဆိုင်များဖွင့်ရန် လေ့လာသုံးသပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၁၈၇၉ ခုနှစ်တွင် ကိုရီးယားတွင် ဖွင့်လှစ်ခဲ့သော ကိုရီးယား ဟမ်ဘာဂါဆိုင်များလုပ်ငန်း  Lotteria သည် နိုင်ငံရပ်ခြား ဈေးကွက်များသို့ တိုးချဲ့ရန် စီစဉ်နေသည်။

Lotteria သည် စင်ကာပူ နှင့် မလေးရှားတွင် ဆိုင်များဖွင့်ရန် ချိန်ဆနေသည်။

Lotteria သည် ဗီယက်နမ်တွင် အောင်မြင်မှု အကြီးအကျယ် ရရှိနေသည်။

.

CEO Cha Woo-cheol နှင့် Lotte GRS ၏ New Business Team အဖွဲ့ဝင်များသည် မကြာသေးမီက စင်ကာပူနှင့် မလေးရှားသို့ သွားရောက်ခဲ့ပြီး  ဟမ်ဘာဂါ franchise ဆိုင်များ၏ လက်ရှိအခြေအနေကို သဘောပေါက်ပြီး ဒေသတွင်းစီးပွားရေးဖြစ်နိုင်ချေကို လေ့လာခဲ့သည်။

.

Lotteria သည် နိုင်ငံရပ်ခြားသို့ ချဲ့ထွင်သည့် ပထမဆုံး ကိုရီးယား ဟမ်ဘာဂါ franchise ဖြစ်သည်။ နိုင်ငံရပ်ခြား ချဲ့ထွင်ခြင်းကို ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံမှာ စတင်ခဲ့သည်။ ထို့နောက် နိုင်ငံ ၆ နိုင်ငံသို့ ဆက်လက်ချဲ့ထွင်ခဲ့သည်။ 

၁၉၉၈ တွင် ဗီယက်နမ်၊ ၂၀၁၃ တွင် မြန်မာ၊ ၂၀၁၄ တွင် ကမ္ဘောဒီးယား၊ ၂၀၁၅ ခုနှစ်တွင် ကာဇက်စတန်၊၂၀၁၆ တွင် လာအိုနှင့် ၂၀၁၈ တွင် မွန်ဂိုလီယားတို့တွင် လုပ်ငန်း စတင်ခဲ့သည်။ 

တရုတ်နိုင်ငံမှ လုပ်ငန်းကဏ္ဍကို ၂၀၁၈ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။  သို့ဖြစ်ရာ လက်ရှိတွင် နိုင်ငံ ၆ နိုင်ငံတွင် လုပ်ကိုင်လျက် ရှိသည်။ 

ယင်းနိုင်ငံများတွင် ဗီယက်နမ်နိုင်ငံသည် အအောင်မြင်ဆုံး ဖြစ်သည်။ Lotteria ဆိုင်ပေါင်း ၂၄၆ ဆိုင်ရှိသည်။ အခြားနိုင်ငံများထက် ဆိုင်အရေအတွက် ပိုများသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံတွင်  McDonald’s နှင့်  Burger King တို့ထက်လည်း ဆိုင်အရေအတွက် ပိုများသည်။ 

ရောင်းအားလည်း မြင့်တက်နေသည်။ Lotte GRS အဆိုအရ Lotteria Vietnam ရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် ဝမ် ၁၀၈.၁ ဘီလီယံ (ကန်ဒေါ်လာ ၈၁.၂ သန်း) ရှိခဲ့သည်။  တစ်နှစ်တာ ရောင်းအား ဝမ် ဘီလီယံ ၁၀၀ ကျော်သည်မှာ ဗီယက်နမ်နိုင်ငံတွင် လုပ်ကိုင်ခဲ့သည့်  ၂၄ နှစ်တာ သက်တမ်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

Lotte GRS က ဗီယက်နမ်တွင်  ၂၀၂၇ တွင် Lotteria ဆိုင်ပေါင်း ၄၀၀ ဖွင့်လှစ်ရန် ရည်မှန်းထားပြီး ရောင်းအား ဝမ် ဘီလီယံ ၂၀၀ ရရှိရန် ရည်မှန်းထားသည်။ 

ဗီယက်နမ်တွင် တိုက်ရိုက်ကိုင်တွယ်သည့် ဆိုင်အချိုးအစား မြင့်မားသည်။ မြန်မာ (ဆိုင် ၄၀ ခု) ၊ ကမ္ဘောဒီးယား (ဆိုင် ၄ ခု)၊ လာအို (ဆိုင် ၅ ခု) တို့တွင် master franchise (MF)  သဘောတူစာချုပ်ဖြင့် လုပ်ကိုင်သည်။ 

စင်ကာပူနှင့် မလေးရှားတို့တွင်လည်း MF သဘောတူစာချုပ်ဖြင့် လုပ်ကိုင်ရန် ရည်ရွယ်ထားပါသည်။ 

Source business korea

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 25 April 2023 10:25
Rate this item
(0 votes)