Restaurants
အရှေ့တောင်အာရှရှိ foodpanda လုပ်ငန်း ရောင်းချရန် ညှိနှိုင်းဆွေးနွေးမှုများ Delivery Hero ရပ်ဆိုင်း
အရှေ့တောင်အာရှရှိ foodpanda လုပ်ငန်း ရောင်းချရန် ညှိနှိုင်းဆွေးနွေးမှုများ Delivery Hero ရပ်ဆိုင်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေစိုက် အစားအစာ ပို့ဆောင်ရေး ကုမ္ပဏီ Delivery Hero က အရှေ့တောင် အာရှရှိ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ foodpanda လုပ်ငန်းကဏ္ဍ အသီးသီးကို ရောင်းချရန် ညှိနှိုင်းဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁)တွင် ကြေညာချက် ထုတ်ပြန်သည်။
Delivery Hero ၏အကြီးဆုံးစျေးကွက်ဖြစ်သော အာရှရှိစီးပွားရေးလုပ်ငန်းသည် ကိုဗစ် လော့ဒေါင်းများ ဖြေလျှော့ပေးပြီးသည့်နောက်တွင် အကျဘက်သို့ ရောက်သွားသည်။
Delivery Hero သည် အရှုံးပေါ်စေသော အရှေ့တောင်အာရှမှ လုပ်ငန်းကဏ္ဍများကို ရောင်းထုတ်ပစ်ရန် ကြိုးပမ်းခဲ့ပါသည်။
အရှေ့တောင်အာရှမှ Foodpanda လုပ်ငန်းကဏ္ဍများကို ရောင်းချရန်အတွက် ဝယ်ယူဖို့ စိတ်ဝင်စားသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ၌ အပြီးသတ် သဘောတူညီမှုများ ရရှိသည့် အဆင့်သို့ မရောက်နိုင်ခဲ့သဖြင့် ရောင်းချမည့်အစီအစဉ် ရုပ်သိမ်း လိုက်သည်ဟု Delivery Hero က ပြောကြားသည်။
ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်တို့တွင် Foodpanda လုပ်ငန်းကဏ္ဍကို ရောင်းချရန် ဆွေးနွေးနေကြောင်း ကုမ္ပဏီက ဖေဖော်ဝါရီ ၂ ရက်တွင် အတည်ပြုခဲ့သည်။ ကျန်ရှိသည့် နိုင်ငံများအတွက်လည်း ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းဆွေးနွေးများ ယခုအခါ ပြီးဆုံးသွားပြီဟု Delivery Hero က ကြေညာချက်တွင် ဖော်ပြထားသည်။
မည်သည့် ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးကြောင်းကို ကြေညာချက်တွင် ဖော်ပြမထားပါ။
Foodpanda နှင့် လုပ်ငန်းတူများ ဖြစ်ကြသည့်စင်ကာပူမှ Grab နှင့် တရုတ်မှ Meituan တို့နှင့် ဆွေးနွေးနေသည်ဟု ယခင်က သတင်းထွက်ပေါ်ခဲ့ပသည်ကို FoodIndustryGuide တွင် ဖော်ပြခဲ့ပါသည်။
foodpanda ရောင်းချမည်ဟု မိခင်လုပ်ငန်း Delivery Hero ကြေညာချက် ထုတ်ပြန်
https://www.foodindustrydirectory.com.mm/food-industry/restaurant/item/6913
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
Source businesstimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL