Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီဆိုင်မှာ ဘီယာရောင်းဖို့ လိုင်စင်လျှောက်ထားရန်မလိုဟု စီလံဂေါ အာဏာပိုင်က ပြောကြား

ကော်ဖီဆိုင်မှာ ဘီယာရောင်းဖို့ လိုင်စင်လျှောက်ထားရန်မလိုဟု စီလံဂေါ အာဏာပိုင်က ပြောကြား

မလေးရှားမှ စီလံဂေါ Selangor မှာ ကော်ဖီဆိုင် လုပ်ငန်းရှင်များအနေဖြင့် ဘီယာရောင်းချဖို့အတွက် သီးခြား လိုင်စင် လျှောက်ထားရန်မလိုဘဲ ကင်းလွတ်ခွင့် ပေးထားကြောင်း စီလံဂေါ ဒေသအာဏာပိုင်အစိုးရ ပြောကြားပါတယ်။
ကော်ဖီဆိုင်မှာ ဘီယာကို လက်လီရောင်းချတာအတွက် လိုင်စင်ထပ်လျှောက်ရရင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်လို့ ပြည်သူ့ပို့ဆောင်ရေးနှင့် ကျေးရွာသစ် ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ Ng Sze Han က ပြောကြားပါတယ်။

1396894.jpg


“အဲဒါက အပိုထပ်ဆောင်းတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘီယာရောင်းတဲ့ဆီမှ ရမယ့်အမြတ်ကို သူတို့ ရတော့မှာ မဟုတ်ဘူး” လို့ သူက ရှင်းပြပါတယ်။
“လိုင်စင်ကြေးက တစ်နှစ်ကို ရင်းဂစ် ၁,၃၀၀ ကုန်ကျတယ်။ ကပ်ရောဂါကာလမှာ လိုင်စင်ကြေး ပြန်ရဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ လိုင်စင်ကြေး မကောက်ခံသင့်ဘူး” လို့ Petaling Jaya Coffee Shop Association မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

အရက်ယမကာ လက်လီရောင်းချခြင်းအတွက် ယစ်မျိုးလိုင်စင် လိုအပ်ချက်ကို ရုပ်သိမ်းရန် အကောက်ခွန်ဌာနသို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

Read 2328 times
Rate this item
(0 votes)