Restaurants



ကမ္ဘာ့စပျစ်ဝိုင်ထုတ်လုပ်မှု နှစ် ၆၀ အတွင်း အနည်းဆုံးသို့ ရောက်ရှိမည်

ကမ္ဘာ့စပျစ်ဝိုင်ထုတ်လုပ်မှု နှစ် ၆၀ အတွင်း အနည်းဆုံးသို့ ရောက်ရှိမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 

ကမ္ဘာ့စပျစ်ဝိုင်ထုတ်လုပ်မှုသည် တောင်ပိုင်းကမ္ဘာခြမ်းနှင့် ဥရောပနိုင်ငံအချို့တွင် စပျစ် ဆွတ်ခူးရရှိသည့် ပမာဏ လျော့နည်းခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားဖွယ်ရှိကြောင်း International Vine and Wine အဖွဲ့ (OIV) မှ ပြောကြားပါသည်။

 

OIV ကမ္ဘာ့ဝိုင်ထုတ်လုပ်မှု ပမာဏသည် ဟက်တိုလီတာ ၂၄၁.၇ သန်းမှ ၂၄၆.၆ သန်းအထိသာ ရှိမည်ဟု ခန့်မှန်းသည်။

ယမန်နှစ်ထက် ၇% လျော့နည်းမည်။

၁၉၆၁ ခုနှစ်နောက်ပိုင်း အနည်းဆုံး ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် ဟက်တိုလီတာ ၂၁၄ သန်း ထုတ်လုပ်ခဲ့သည်။ 

(၁ ဟက်တိုလီတာသည် လီတာ ၁၀၀ ကို ဆိုလိုပြီး ပုံမှန်အရွယ်အစား ဝိုင်ပုလင်း ၁၃၃ ပုလင်းနှင့် ညီမျှပါသည်)

 

တောင်ဘက်ကမ္ဘာခြမ်းတွင် ဩစတေးလျ၊ အာဂျင်တီးနား၊ ချီလီ၊ တောင်အာဖရိကနှင့် ဘရာဇီးတို့တွင် စပျစ် အထွက်လျော့ကျခဲ့သည်။ 

မြောက်ကမ္ဘာခြမ်းတွင် အီတလီ၊ စပိန်နှင့် ဂရိတို့ စပျစ် အထွက်နည်းပါးခဲ့သည်။

 

OIV က အီတလီ ဝိုင်ထုတ်လုပ်မှု ၁၂% လျော့ကျမည်ဖြစ်ပြီး ဟက်တိုလီတာ ၄၄ သန်း ထုတ်လုပ်မည်ဟု ခန့်မှန်းသည်။

သို့ဖြစ်ရာ အီတလီသည် ဝိုင်  ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့်နိုင်ငံ မဟုတ်တော့ဘဲ ပြင်သစ်သည် နံပါတ်(၁) ဖြစ်လာမည်။ ၉ နှစ်ကြာ စွန့်လွှတ်ခဲ့ရသည့် သရဖူကို ပြင်သစ် ပြန်လည် ရရှိမည်။

ဝိုင် ကမ္ဘာ့တတိယအများဆုံး ထုတ်လုပ်သည့် စပိန်နိုင်ငံသည်လည်း မိုးခေါင်ခြင်းကြောင့် ဝိုင်ထုတ်လုပ်မှု ထိခိုက်သည်။ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံး ဖြစ်သည်။ 

 

အီတလီနှင့် စပိန် ဝိုင်ထုတ်လုပ်မှု လျော့ကျသဖြင့် အီးယူ ဝိုင်ထုတ်လုပ်မှု လျော့နည်းမည် ဖြစ်ပြီး ယခုနှစ်တွင် ဟက်တိုလီတာ သန်း ၂၅၀ ရှိမည်ဟု ခန့်မှန်းသည်။

 

ကမ္ဘာ့စတုတ္ထအများဆုံး ထုတ်လုပ်သည့် အမေရိကန်သည် ယခုနှစ်တွင် ဟက်တိုလီတာ ၂၅.၂ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းသည်။ ယမန်နှစ်ထက် ၁၂% ပိုများပါသည်။

 

 Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 11 November 2023 17:54
Rate this item
(0 votes)