မြန်မာ့ပို့ကုန်များ ပြည်ပသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်တော့မည်
မြန်မာ့ပို့ကုန်များကို ဂျပန်၊ ကိုရီးယားနဲ့ အီးယူနိုင်ငံများသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်မယ့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်ကို လာမယ့် နိုဝင်ဘာလအတွင်း
လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့နဲ့ အာဆီယံ (၁၀) နိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်မယ့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ အခွန်ကင်းလွတ်ခွင့်များနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်များ ပါဝင်ကြောင်း သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုအတွက် နေရာကန့်သတ်နိုင်မယ့် အချက်များ၊ မြေအသုံးချပိုင်ခွင့်နဲ့ ပက်သက်ပြီး အစိုးရရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ လာရောက်ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းများကို မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေအတိုင်း ခွင့်ပြုခွင့်ရရှိရေးကိုလည်း မြန်မာက ဆောင်ရွက်ခွင့်ရရှိထားပါတယ်။
RCEP သည် ကမ္ဘာ့လူဦးရေရဲ့ (၄၇) ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ကမ္ဘာ့အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) (၄၂) ရာခိုင်နှုန်းရှိတဲ့အတွက် ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးသဘောတူစာချုပ် ဖြစ်လာမှာဖြစ်တဲ့အတွက် အဆိုပါစာချုပ် ဆွေးနွေးညှိနှိုင်းမှုများရဲ့ တိုးတက်မှုအခြေအနေကို ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစား စောင့်ကြည့်လေ့လာလျက်ရှိကြပါတယ်။
Read More >>>>> တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် တစ်သိန်း တင်ပို့ရန်အတွက် ရန်ကုန်ဈေးကွက်အတွင်း ဆန်ကွဲဝယ်ယူ စုဆောင်းမှုများ ရှိလာ
မြန်မာနိုင်ငံက RCEP မှာ ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ခန့်ရှိတဲ့ ဈေးကွက်တွေဆီ မြန်မာ့ပို့ကုန်များကို အကောက်ခွန်ကင်းလွတ်သက်သာခွင့်နဲ့ တိုးမြှင့်တင်ပို့နိုင်မယ့် အခွင့်အလမ်းများ ရရှိနိုင်မယ့်အပြင် အဆိုပါ စာချုပ်မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍလည်းပါဝင်တဲ့အတွက် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုတိုးတက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Source: Ministry Of Investment And Foreign Economic Relations