Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ အဖမ်းအဆီးများကြောင့် မြန်မာ့ဆန်တင်ပို့မှု ကျဆင်း

Unicode

တရုတ်နိုင်ငံမှ အဖမ်းအဆီးများကြောင့် မြန်မာ့ဆန်တင်ပို့မှု ကျဆင်း

 

မြန်မာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်က နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာပြည်က ဆန်ရောင်းဝယ်ခြင်းများကို ဖမ်းဆီးမှုများရှိခဲ့ခြင်းကြောင့် ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် တရုတ်သို့ မြန်မာမှ ဆန်တင်ပို့မှုမှာ တရားဝင်တင်ပို့မှုဖြစ်ပေမယ့်လည်း တရုတ်မှ မြန်မာဆန်များကို ဝယ်ယူခြင်းဟာ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှ ဝယ်ယူခြင်းမဟုတ်ပေ။

 

Coffee Manufacturers & Dealers  ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္ေပါင္း ၁၀၀ ခုကိုရွာရန္ႏွိပ္ပါ။

 

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ (၇၀၉) သန်းတန်ဖိုးရှိ ဆန်တန်ချိန် (၂.၃) သန်းတင်ပို့ခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် (၃) သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။

 

အဆိုပါနှစ်နှစ်တာ တင်ပို့မှှုနှိုင်းယှဉ်ချက်များအရ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် (၇) သိန်းနီးပါး တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင် အမေရိကန်ဒေါ်လာ (၃၄၅) သန်းဖိုး လျော့နည်းခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရပါတယ်။

 

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်များကို တရုတ်၊ ဖိလစ်ပိုင်၊ ဥရောပနိုင်ငံများနဲ့ အာဖရိကနိုင်ငံတွေဆီ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် အဓိကထားတင်ပို့နေတာဖြစ်ပါတယ်။

 

Read More >>>>>   တရုတ္ႏိုင္ငံသို႔ ဆန္ကြဲတင္ပို႔ႏိုင္ေရး စာခ်ဳပ္ခ်ဳပ္ဆိုမည္

 

လက်ရှိတွင် တရုန်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ ကိုတာရရှိထားတဲ့ ဆန်တန်ချိန် တစ်သိန်းတင်ပို့ရန် အစိုးရအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု (G to G) စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားပြီး ၂၀၁၉ ခုနှစ်မကုန်မီ အပြီးတင်ပိ့ုမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဆန်တန်ချိန် (၁၄) သန်းခန့်ထွက်ရှိပြီး ပြည်တွင်းစားသုံးမှု (၁၀) သန်းခန့်ရှိကာ ကျန်ဆန်တန်ချိန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ပါတယ်။

 

Source: mmbiztoday

 

 

 

တ႐ုတ္ႏုိင္ငံမွ အဖမ္းအဆီးမ်ားေၾကာင့္ ျမန္မာ့ဆန္တင္ပို႔မႈ က်ဆင္း

 

ျမန္မာ့ဆန္တင္ပုိ႔မႈ အမ်ားဆံုးႏိုင္ငံျဖစ္တဲ့ တရုတ္က နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ျမန္မာျပည္က ဆန္ေရာင္း၀ယ္ျခင္းမ်ားကုိ ဖမ္းဆီးမႈမ်ားရိွခဲ့ျခင္းေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြင္း ဆန္တင္ပုိ႔မႈက်ဆင္းခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနမွ သိရပါတယ္။

 

နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖင့္ တရုတ္သုိ႕ ျမန္မာမွ ဆန္တင္ပုိ႔မႈမွာ တရားဝင္တင္ပုိ႔မႈျဖစ္ေပမယ့္လည္း တရုတ္မွ ျမန္မာဆန္မ်ားကုိ ဝယ္ယူျခင္းဟာ တရားဝင္ကုန္သြယ္မႈလမ္းေၾကာင္းမွ ဝယ္ယူျခင္းမဟုတ္ေပ။

 

Coffee Manufacturers & Dealers  ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္ေပါင္း ၁၀၀ ခုကိုရွာရန္ႏွိပ္ပါ။

 

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ျပည္ပႏုိင္ငံမ်ားသုိ႔ အေမရိကန္ေဒၚလာ (၇၀၉) သန္းတန္ဖိုးရွိ ဆန္တန္ခ်ိန္ (၂.၃) သန္းတင္ပုိ႔ခဲ့ၿပီး ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ ဆန္တန္ခ်ိန္ (၃) သန္းေက်ာ္ တင္ပုိ႔ႏိုင္ခဲ့ပါတယ္။

 

အဆိုပါႏွစ္ႏွစ္တာ တင္ပို႔မွႈႏွိဳင္းယွဥ္ခ်က္မ်ားအရ ျပည္ပႏုိင္ငံမ်ားသုိ႔ ဆန္တန္ခ်ိန္ (၇) သိန္းနီးပါး တင္ပုိ႔မႈေလ်ာ့နည္းခဲ့ျခင္းေၾကာင္ အေမရိကန္ေဒၚလာ (၃၄၅) သန္းဖိုး ေလ်ာ့နည္းခဲ့ေၾကာင္း ကုန္သြယ္မႈစာရင္းမ်ားအရ သိရပါတယ္။

 

ျမန္မာႏုိင္ငံက ထြက္ရွိတဲ့ ဆန္မ်ားကို တ႐ုတ္၊ ဖိလစ္ပိုင္၊ ဥေရာပႏုိင္ငံမ်ားနဲ႔ အာဖရိကႏုိင္ငံေတြဆီ ပင္လယ္ေရေၾကာင္းနဲ႔ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားမွတဆင့္ အဓိကထားတင္ပုိ႔ေနတာျဖစ္ပါတယ္။

 

Read More >>>>>   တရုတ္ႏိုင္ငံသို႔ ဆန္ကြဲတင္ပို႔ႏိုင္ေရး စာခ်ဳပ္ခ်ဳပ္ဆိုမည္

 

လက္ရိွတြင္ တရုန္ႏုိင္ငံသုိ႔ ပင္လယ္ေရေၾကာင္းမွ ကုိတာရရိွထားတဲ့ ဆန္တန္ခ်ိန္ တစ္သိန္းတင္ပို႔ရန္ အစိုးရအခ်င္းခ်င္းခ်ိတ္ဆက္ေဆာင္ရြက္မႈ (G to G) စနစ္ျဖင့္ စာခ်ဳပ္ခ်ဳပ္ဆုိထားၿပီး ၂၀၁၉ ခုႏွစ္မကုန္မီ အၿပီးတင္ပိ႔ုမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရပါတယ္။

 

ျမန္မာႏိုင္ငံမွာ တစ္ႏွစ္ကုိ ဆန္တန္ခ်ိန္ (၁၄) သန္းခန္႔ထြက္ရိွၿပီး ျပည္တြင္းစားသံုးမႈ (၁၀) သန္းခန္႔ရိွကာ က်န္ဆန္တန္ခ်ိန္ကို ျပည္ပႏိုင္ငံမ်ားသုိ႔ တင္ပုိ႔ပါတယ္။

 

Source: mmbiztoday

 

 

Read times Last modified on Friday, 14 February 2020 16:09
Rate this item
(0 votes)