×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်သီးနှင့် နာနတ်သီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိ

Unicode


ထောပတ်သီးနှင့် နာနတ်သီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိ


အရည်အသွေး ပြည့်မီသော ထောပတ်သီးနှင့် နာနတ်သီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အတွက်  ထုပ်ပိုးစက်ရုံများ၊ အခြောက်ခံစက်ရုံများ တည်ဆောက်ရန်နှင့်  ၎င်းတို့နှင့် ဆက်စပ်သော SME    လုပ်ငန်းများ ထွန်းကားလာစေရန်

 

ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ   သစ်သီးဝလံ၊   ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း(MFVP)  အတွင်းရေးမှူး ဒေါ်စန်္ဒာမျိုး၏ ပြောကြားချက်အရ  သိရသည်။

 

အရည်အသွေးပြည့်မီသော ထောပတ်သီးနှင့် နာနတ်သီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်   လိုအပ်သည့် ကုန်ကြမ်းကိရိယာများ၊ အလုပ်သမားခ ကုန်ကျစရိတ်များ အတွက် ငွေကြေးအခက်အခဲများ တွေ့ကြုံနေရကြောင်း၊ အထူးသဖြင့် SME ချေးငွေရရှိရန်   အပေါင်ပစ္စည်းနှင့်  ဘဏ်လုပ်ငန်း ကိစ္စများ   ဆောင်ရွက်ရာတွင် အခက်အခဲများ    တွေ့ကြုံနေရကြောင်း သိရသည်။

 

“နိုင်ငံတော်က MFVP  လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေအတွက် သစ်သီးဝလံ ချေးငွေပံ့ပိုး ကူညီပေးဖို့  လိုအပ်ပါတယ်” ဟု ဒေါ်စန္ဒာမျိုး ကပြောသည်။

 

Read More >>>>>   ျပည္ပမွ ဝက္အရွင္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား တင္သြင္းမႈ ယာယီတားျမစ္ေပးရန္တင္ျပ

 

ထိုသို့လိုအပ်ချက်များ ရှိသောကြောင့် (၃၁)ကြိမ်မြောက်  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့်    ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင်  MFVPမှ လိုအပ်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

 

နာနတ်သီးသည်  တစ်နိုင်ငံလုံး စားသုံးမှုအတွက် စိုက်ဧက ၅၀၀၀ ခန့်ရှိပါက  လုံလောက်သော်လည်း လတ်တလောတွင် စိုက်ဧကများကာ အထွက်နှုန်းများနေသောကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန်နှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ နာနတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း  အတွင်းရေးမှူး  ဦးစိုင်းကျော်ညွန့် ကပြောသည်။

 

ထို့ပြင် ထောပတ်သီးနှင့်  နာနတ်သီးကို တန်ဖိုးမြင့် ထုတ်ကုန်များ ပြုလုပ်နိုင်မည့် စက်ရုံများ တည်ဆောက်ပြီးပါက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ   ရရှိနိုင်သည့်အပြင်  စိုက်ပျိုးသူများအတွက်လည်း ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း  သိရသည်။   

    

Source: Myawaddy

 

 

ေထာပတ္သီးႏွင့္ နာနတ္သီး တန္ဖိုးျမင့္ထုတ္ကုန္မ်ား ထုတ္လုပ္ႏုိင္ေရး ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လိုအပ္လ်က္ရွိ

 

အရည္အေသြး ျပည့္မီေသာ ေထာပတ္သီးႏွင့္ နာနတ္သီး တန္ဖိုးျမင့္ထုတ္ကုန္မ်ား ထုတ္လုပ္ႏိုင္ေရး အတြက္  ထုပ္ပိုးစက္႐ုံမ်ား၊ အေျခာက္ခံစက္႐ုံမ်ား တည္ေဆာက္ရန္ႏွင့္  ၎တို႔ႏွင့္ ဆက္စပ္ေသာ SME    လုပ္ငန္းမ်ား ထြန္းကားလာေစရန္

 

ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လိုအပ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ   သစ္သီး၀လံ၊   ပန္းမန္ႏွင့္ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္း(MFVP)  အတြင္းေရးမွဴး ေဒၚစႏ္ၵာမ်ဳိး၏ ေျပာၾကားခ်က္အရ  သိရသည္။

 

အရည္အေသြးျပည့္မီေသာ ေထာပတ္သီးႏွင့္ နာနတ္သီး တန္ဖိုးျမင့္ထုတ္ကုန္မ်ား ထုတ္လုပ္ႏိုင္ရန္   လိုအပ္သည့္ ကုန္ၾကမ္းကိရိယာမ်ား၊ အလုပ္သမားခ ကုန္က်စရိတ္မ်ား အတြက္ ေငြေၾကးအခက္အခဲမ်ား ေတြ႕ႀကံဳေနရေၾကာင္း၊ အထူးသျဖင့္ SME ေခ်းေငြရရိွရန္   အေပါင္ပစၥည္းႏွင့္  ဘဏ္လုပ္ငန္း ကိစၥမ်ား   ေဆာင္ရြက္ရာတြင္ အခက္အခဲမ်ား    ေတြ႕ႀကံဳေနရေၾကာင္း သိရသည္။

 

“ႏိုင္ငံေတာ္က MFVP  လုပ္ငန္းရွင္ေတြနဲ႔ ေတာင္သူေတြအတြက္ သစ္သီး၀လံ ေခ်းေငြပံ့ပိုး ကူညီေပးဖို႔  လိုအပ္ပါတယ္” ဟု ေဒၚစႏၵာမ်ဳိး ကေျပာသည္။

 

Read More >>>>>   ျပည္ပမွ ဝက္အရွင္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား တင္သြင္းမႈ ယာယီတားျမစ္ေပးရန္တင္ျပ

 

ထိုသို႔လိုအပ္ခ်က္မ်ား ရိွေသာေၾကာင့္ (၃၁)ႀကိမ္ေျမာက္  ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီႏွင့္    ပုဂၢလိကလုပ္ငန္းရွင္မ်ား ပုံမွန္ေတြ႕ဆုံပြဲတြင္  MFVPမွ လိုအပ္ခ်က္မ်ားကို တင္ျပခဲ့ေၾကာင္း သိရသည္။

 

နာနတ္သီးသည္  တစ္ႏိုင္ငံလံုး စားသံုးမႈအတြက္ စိုက္ဧက ၅၀၀၀ ခန္႔ရိွပါက  လုံေလာက္ေသာ္လည္း လတ္တေလာတြင္ စိုက္ဧကမ်ားကာ အထြက္ႏႈန္းမ်ားေနေသာေၾကာင့္ ျပည္ပေစ်းကြက္သို႔ တင္ပို႔ႏိုင္ရန္ႏွင့္ တန္ဖိုးျမင့္ ထုတ္ကုန္မ်ား ထုတ္လုပ္ႏိုင္ရန္ လိုအပ္လ်က္ရိွေၾကာင္း ျမန္မာႏိုင္ငံ နာနတ္သီး စိုက္ပ်ဳိးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္း  အတြင္းေရးမွဴး  ဦးစုိင္းေက်ာ္ၫြန္႔ ကေျပာသည္။

 

ထို႔ျပင္ ေထာပတ္သီးႏွင့္  နာနတ္သီးကို တန္ဖိုးျမင့္ ထုတ္ကုန္မ်ား ျပဳလုပ္ႏုိင္မည့္ စက္႐ုံမ်ား တည္ေဆာက္ၿပီးပါက ေဒသခံမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား   ရရိွႏုိင္သည့္အျပင္  စိုက္ပ်ဳိးသူမ်ားအတြက္လည္း ပိုမိုအဆင္ေျပႏိုင္မည္ ျဖစ္ေၾကာင္း  သိရသည္။   

    

Source: Myawaddy

Read times Last modified on Tuesday, 04 February 2020 13:08
Rate this item
(0 votes)