ဓာတုဗေဒကင်းဝေးတဲ့ ငါးရံ့ခြောက်လတ်လတ်ဆတ်ဆတ် အိမ်မှာကိုယ်တိုင်လုပ်စားရအောင်

ငါးရံ့ခြောက်အကောင်သေးသေးလေးတစ်ကောင်ကို ဈေးကြီးပေးဝယ်မယ့်အစား ဆားပေါ့ပေါ့နဲ့ ဓာတုဗေဒကင်းဝေးတဲ့ ငါးရံ့ခြောက်လတ်လတ်ဆတ်ဆတ် အိမ်မှာကိုယ်တိုင်လုပ်စားရအောင်လို့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ငါးဝယ်ယူတဲ့အခါမှာ ပါးဟက်ကို သေချာဖြဲပြီး အရောင်ရဲတဲ့ဟာကို ရှာဝယ်ပါ။ ငါးမျက်လုံးက အရောင်ကြည်ပြီး အရေခွံက အစိမ်းရောင်သန်းနေရင် ပိုပြီး လတ်ဆတ်ပါတယ်။

 

ပြီးနောက် ငါးကို အကြေးခွံချွတ် ရေဖြင့်သေချာစင်ကြယ်အောင်ဆေးပြီး ကလီစာတွေသေသေချာချာဖယ်ပေးပါ။ ပြီးနောက် အလယ်တည့်တည့်ကနေ ဒေါင်လိုက်ထက်ခြမ်းခွဲလိုက်ပါ။

 

Read More >>>>> စားလို့အရမ်းကောင်းတဲ့ အုန်းသီး သာကူလုံး (သာကူပြင်)

 

ပြီးလျှင် အကောင်အရွယ်အစားပေါ်မူတည်ပြီး အဆင်ပြေသလို ဒေါင်လိုက် အမြောင်းလေးတွေဖြစ်အောင် ပြုလုပ်ပေးပါ။

 

ပြီးနောက် ငါးရံ့ ပြီးသားကို ရေအထပ်ထပ်စင်အောင်ဆေးလိုက်ပါ။  

 


ပြီးလျှင်တော့ ဆားအနည်းငယ်နှင့်နယ်ပြီး ရေခဲသေတ္တာထဲတွင် တစ်ညသိပ်ထားပါ။

 

Food Catagories နဲ့ပတ်သက်ပြီး ရှာချင်ရင် ဤနေရာကိုနှိပ်ပါ။

 

ပြီးရင်တော့ ငါးကို နေပူစလှန်းလို့ရပါပြီ။ နေပူပူတွင် ၃ ရက်ခန့် နေလှန်းပြီးရင်တော့ ဓာတုဗေဒကင်းဝေးတဲ့ ငါးရံ့ ခြောက် လတ်လတ်ဆတ်ဆတ်လေးကို ရပါပြီ။

 

#Myanmar Food Industry Directory

Read times Last modified on Tuesday, 10 December 2019 15:10
Rate this item
(0 votes)