Foodpanda မှ အစားအသောက်များကို ရန်ကုန်မြို့ရှိ မှာယူသူများထံသို့ နေ့စဉ်ပို့ဆောင်ပေးလျက်ရှိ
Unicode
Foodpanda မှ အစားအသောက်များကို ရန်ကုန်မြို့ရှိ မှာယူသူများထံသို့ နေ့စဉ်ပို့ဆောင်ပေးလျက်ရှိ
အွန်လိုင်းအစားအသောက်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု့လုပ်ငန်းတစ်ခုဖြစ်တဲ့ Foodpanda မှ ၎င်း၏ဖွင့်ပွဲအခမ်းအနားနှင့် အတူ မြန်မာနိုင်ငံတွင် တရားဝင် စတင်မိတ်ဆက်သည့်အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ (Time City Outdoor Area) တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
Foodpanda ဟာ ရိုးရှင်း၍ အသုံးပြုရလွယ်ကူသည့် app တစ်ခုဖြစ်ရာ ယခုအခါတွင် ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် ၎င်း၏ ဝန်ဆောင်မှု့များနဲ့အတူ အမျိုးအစား စုံလင်လှသော စားသောက်ဖွယ်ရာများအား မိတ်ဆွေများ၊ မိသားစုများနှင့် (သို့) တစ်ဦးထဲသီးသန့်သုံးဆောင်ရန် နေအိမ်များ၊ ရုံးခန်းများအပါအဝင် ပို့စေလိုသော နေရာများသို့ အချိန်မရွေး၊ နေရာမရွေး အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာ မှာယူသွားနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။
ထို့အပြင် Foodpanda ဟာ စားသောက်ဖွယ်ရာများအား မည်သည့်ပမာဏမှာယူသည်ဖြစ်စေ ပို့ဆောင်ခ အခမဲ့ ဝန်ဆောင်မှုကိုလည်း ပေးအပ်ထားသည့်အတွက် မှာယူထားသည့် စားသောက်ဖွယ်ရာများကို လက်ထဲသို့အရောက် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
"Foodpanda အနေနဲ့ မှာယူအားပေးသူတွေရဲ့ အစားအသောက်ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသောက်လိုကြတယ်ဆိုတဲ့ဆန္ဒကို အမြဲတမ်း အလေးထားပြီးလုပ်ဆောင်ကာ အစားအသောက်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအပေါ် လူတွေရဲ့ အမြင်နဲ့ ခံစားချက်ကို ပြောင်းလဲနိုင်ဖို့ ဆောင်ရွက်နေပါတယ်"ဟု မြန်မာနိုင်ငံ၏
Managing Director ကိုဇေယျာမင်းက ပြောကြားခဲ့ပါတယ်။
Read More >>>>> ခရမ်းချဉ်သီးပေါ်ချိန် ဈေးနှုန်း ကျဆင်း
ကမ္ဘာ့ထိပ်တန်းအွန်လိုင်းအစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Delivery Hero ၏ ကုမ္ပဏီခွဲဖြစ်သော Foodpanda ဟာ ကမ္ဘာ့တစ်ဝန်းရှိမှာယူအားပေးသောသူများအတွက် ပြည်တွင်းစားသောက်ဆိုင်များမှ အမျိုးအစားစုံလင်လှသော စားသောက်ဖွယ်ရာများအား အဆင်ပြေလွယ်ကူမှုအပြည့်ဖြင့် ပို့ဆောင်ပေးလျက် ရှိပါတယ်။
စတင်တည်ထောင်ချိန်မှစ၍ ယခုလက်ရှိတွင် Foodpanda ဟာ ကမ္ဘာတစ်ဝန်းအာရှနိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဥရောပတိုက်အလယ်ပိုင်းနိုင်ငံများ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား ၊ ပါကစ္စတန်၊ ထိုင်ဝမ် ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရ်ှ၊ လာအို ၊မြန်မာ၊ ကမ္ဘောဒီးယား၊ ရိုမေးနီးယားနှင့် ဘူဂေးရီးယား အစရှိတဲ့ မြို့ကြီးပေါင်း ၃၀၀ ကျော်ရှိ မိတ်ဖက်စားသောက်ဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်နှင့် လက်တွဲ၍ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်းသိရပါတယ်။
#Myanmar Food Industry Directory
Read More >>>>> ခရမ်းချဉ်သီးပေါ်ချိန် ဈေးနှုန်း ကျဆင်း
စတင်တည်ထောင်ချိန်မှစ၍ ယခုလက်ရှိတွင် Foodpanda ဟာ ကမ္ဘာတစ်ဝန်းအာရှနိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဥရောပတိုက်အလယ်ပိုင်းနိုင်ငံများ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား ၊ ပါကစ္စတန်၊ ထိုင်ဝမ် ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို ၊မြန်မာ၊ ကမ္ဘောဒီးယား၊ ရိုမေးနီးယားနှင့် ဘူဂေးရီးယား အစရှိတဲ့ မြို့ကြီးပေါင်း ၃၀၀ ကျော်ရှိ မိတ်ဖက်စားသောက်ဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်နှင့် လက်တွဲ၍ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်းသိရပါတယ်။