Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းချဉ်သီးပေါ်ချိန် ဈေးနှုန်း ကျဆင်း

Unicode

 

ခရမ်းချဉ်သီးပေါ်ချိန် ဈေးနှုန်း ကျဆင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်  ပတ်ဝန်းကျင် ကျေးရွာများတွင် ရမ်းချဉ် အမြောက်အမြား စိုက်ပျိုးကြတဲ့ ကျေးရွာများဖြစ်ကာ ခရမ်းချဉ်သီး ပေါ်ချိန် ဈေးနှုန်း ကျဆင်းနေခြင်းကြောင့်ခရမ်းချဉ်စိုက် တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း   မုန့်ကုန်းကျေးရွာရှိ ခရမ်းချဉ်စိုက် တောင်သူတစ်ဦးထံမှ သိရပါတယ်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများတွင်  တိုင်ထောင်ခရမ်းချဉ်မျိုး အများဆုံး   စိုက်ပျိုးကြပြီး  ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးများကို ကျောက်ပန်းတောင်းမြို့ မြို့မဈေးရှိ ပွဲရုံများနှင့် ကျောက်ပန်းတောင်းမြို့ ခရမ်းချဉ်ပွဲစားများမှ တစ်ဆင့်  ပခုက္ကူ၊ ရေနံချောင်းနှင့် မကွေးမြို့တို့သို့ တင်ပို့ရောင်းချ ကြကြောင်း၊ ယခုနှစ် ခရမ်းချဉ်ပေါ်ချိန် ဈေးနှုန်း  ထက်ဝက်ကျဆင်းနေခြင်းကြောင့်   ခရမ်းချဉ်စိုက် တောင်သူများ လုပ်အားခပင် မရရှိဘဲ  အရှုံးနှင့် ရင်ဆိုင်နေရကြောင်း၊ လဲဂွကျေးရွာရှိ   ခရမ်းချဉ်စိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

Read More >>>>>   မာလာဟင္​းအႏွစ္​နဲ႕ မာလာဆီေမႊး ျပဳလုပ္နည္း

 

ယခု ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿာလျှင်   ငွေကျပ် ၅၀၀ သာ ရောင်းချရခြင်းကြောင့် ပျိုး(မျိုး)ထောင်စရိတ်၊ မြေဆီစရိတ်၊  ထွန်ရှဉ်းခ၊ လုပ်အားခ၊  ရေသွင်းရာတွင် ဒီဇယ်၊  ဓာတ်ဆီဖိုးများဖြင့် စိုက်ပျိုးစရိတ် ကာမိရုံသာ ရှိကြောင်း ဆပ်ပြာကျင်း ကျေးရွာရှိ ခရမ်းချဉ်စိုက်တောင်သူတစ်ဦးထံမှ သိရပါတယ်။

 

#MFID

 

 

 

ခရမ္းခ်ဥ္သီးေပၚခ်ိန္ ေစ်းႏႈန္း က်ဆင္း

 

မႏၱေလးတုိင္းေဒသႀကီး ေညာင္ဦးခ႐ိုင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေမာက္ေတာင္ဆည္  ပတ္၀န္းက်င္ ေက်းရြာမ်ားတြင္ ရမ္းခ်ဥ္ အေျမာက္အျမား စိုက္ပ်ဳိးၾကတဲ့ ေက်းရြာမ်ားျဖစ္ကာ ခရမ္းခ်ဥ္သီး ေပၚခ်ိန္ ေစ်းႏႈန္း က်ဆင္းေနျခင္းေၾကာင့္ခရမ္းခ်ဥ္စိုက္ ေတာင္သူမ်ား တြက္ေျခမကိုက္ ျဖစ္ေနၾကေၾကာင္း   မုန္႔ကုန္းေက်းရြာရွိ ခရမ္းခ်ဥ္စိုက္ ေတာင္သူတစ္ဦးထံမွ သိရပါတယ္။

 

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေမာက္ေတာင္ဆည္ ပတ္၀န္းက်င္ ေက်းရြာမ်ားတြင္  တုိင္ေထာင္ခရမ္းခ်ဥ္မ်ဳိး အမ်ားဆုံး   စိုက္ပ်ဳိးၾကၿပီး  ထြက္ရိွလာတဲ့ ခရမ္းခ်ဥ္သီးမ်ားကို ေက်ာက္ပန္းေတာင္းၿမိဳ႕ ၿမိဳ႕မေစ်းရိွ ပြဲ႐ုံမ်ားႏွင့္ ေက်ာက္ပန္းေတာင္းၿမိဳ႕ ခရမ္းခ်ဥ္ပြဲစားမ်ားမွ တစ္ဆင့္  ပခုကၠဴ၊ ေရနံေခ်ာင္းႏွင့္ မေကြးၿမိဳ႕တို႔သို႔ တင္ပို႔ေရာင္းခ် ၾကေၾကာင္း၊ ယခုႏွစ္ ခရမ္းခ်ဥ္ေပၚခ်ိန္ ေစ်းႏႈန္း  ထက္၀က္က်ဆင္းေနျခင္းေၾကာင့္   ခရမ္းခ်ဥ္စိုက္ ေတာင္သူမ်ား လုပ္အားခပင္ မရရိွဘဲ  အ႐ႈံးႏွင့္ ရင္ဆုိင္ေနရေၾကာင္း၊ လဲဂြေက်းရြာရွိ   ခရမ္းခ်ဥ္စိုက္ ေတာင္သူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

Read More >>>>>   မာလာဟင္​းအႏွစ္​နဲ႕ မာလာဆီေမႊး ျပဳလုပ္နည္း

 

ယခု ခရမ္းခ်ဥ္သီးေပၚခ်ိန္ တစ္ပိႆာလွ်င္   ေငြက်ပ္ ၅၀၀ သာ ေရာင္းခ်ရျခင္းေၾကာင့္ ပ်ဳိး(မ်ဳိး)ေထာင္စရိတ္၊ ေျမဆီစရိတ္၊  ထြန္ရွဥ္းခ၊ လုပ္အားခ၊  ေရသြင္းရာတြင္ ဒီဇယ္၊  ဓာတ္ဆီဖိုးမ်ားျဖင့္ စိုက္ပ်ဳိးစရိတ္ ကာမိ႐ုံသာ ရိွေၾကာင္း ဆပ္ျပာက်င္း ေက်းရြာရွိ ခရမ္းခ်ဥ္စိုက္ေတာင္သူတစ္ဦးထံမွ သိရပါတယ္။

 

#MFID

Read times Last modified on Wednesday, 29 January 2020 16:53
Rate this item
(0 votes)