×

Warning

JUser: :_load: Unable to load user with ID: 540


ဧည့်မထ ဆန်/စပါးစျေးနှုန်း အနည်းငယ်မြင့်တက်

ပဲခူးတိုင်းဒေသကြီးတွင် ဧည့်မထ(မိုးစပါး) စျေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာ ဇန်နဝါရီလ ဒုတိယအပတ်တွင်

ဧည့်မထစပါးစျေးနှုန်းမှာ တင်း ၁၀၀ (၄၆) ပေါင် လျှင် ငွေကျပ် ၁,၁၂၀,၀၀၀ မှ ၁,၁၆၀,၀၀၀ ထိရှိခဲ့ရာမှ ဇန်နဝါရီလ စတုတ္ထပတ်တွင် ငွေကျပ် ၁,၁၆၀,၀၀၀ မှ ၁,၁၆၉,၀၀၀ စျေးနှုန်းဖြင့် ငွေကျပ် ၃၆,၀၀၀ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Empire Chemicals

Click Here >>> Empire Chemicals

 

ဇန်နဝါရီလ ဒုတိယပတ်တွင် ဧည့်မထဆန်စျေးနှုန်းမှာ ၂၄ ပြည်ပါ (၁၀၈) ပေါင် တစ်အိတ်လျှင် ငွေကျပ် ၄၂,၀၀၀ မှ ၄၃,၅၀၀ ရှိခဲ့ရာ ဇန်နဝါရီလ စတုတ္ထပတ်တွင် ငွေကျပ် ၄၄,၀၀၀ မှ ၄၆,၀၀၀ ထိ ရောက်ရှိခဲ့သဖြင့် ၂,၀၀၀-၂,၅၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

 

စပါး/ဆန်စျေးနှုန်း အနည်းငယ်မြင့်တက်လာရခြင်းမှာ ပြည်ပသို့ တင်ပို့မည့် သင်္ဘောဆိုက်ရောက်နေချိန်ဖြစ်သဖြင့် ရန်ကုန်ရှိ ဆန်ကုန်သည်များမှ ပို့ကုန်အဆင့်မီ အရည်အသွေးမြင့် ဧည့်မထဆန်များကို စျေးနှုန်းမြင့်တက်၍ ဝယ်ယူနေခြင်းကြောင့်လည်းကောင်း၊ တောင်သူများမှ စပါးနည်းပါးလာသည့်အချိန်တွင် စပါးကိုထိန်း၍ ရောင်းချ နေခြင်းမျာကြောင့်လည်းကောင်း စျေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror

Myanmar Food Industry Guide

Read times
Rate this item
(0 votes)