Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


G to G စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ တင်ပို့ရောင်းချနိုင်မည်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ 

(Memorandum of Understanding - MoU) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေထိုးခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ တို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

 

အဆိုပါ MoU အရ မြန်မာနိုင်ငံမှ Myanmar Rice Federation - MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate

General of Food တို့မှ ဧည့်မထ ၅ ရာခိုင်နှုန်း တန်းမြင့်ဆန် တန်ချိန် ၂၀၀၀၀၀ တင်ပို့ရန် သဘောတူစာချုပ်

(Sales Contract) ကိုချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ကြသည်။

 

အဆိုပါ Sale Contract အရ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်အထိ ဆန်တန်ချိန် ၁၁၀၀၀၀ ခန့်အား တင်ပို့

ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် ၂၀၀၀ ကျော်အား သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်များအား သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

 

Source: The Mirror

The Myanmar Food Industry Guide

Read times
Rate this item
(0 votes)