Chinese

×

Warning

JUser: :_load: Unable to load user with ID: 540

Saturday, 08 January 2022 12:05
ကုန်သွယ်ရေးစနစ်ကြောင့် တရုတ်ပို့မည့် ဖရဲ၊ သခွားများ အစီးရေ ၅၀ နီးပါးခန့် နေ့စဉ် စွန့်ပစ်နေရ

Friday, 07 January 2022 13:52
တရုတ်-မြန်မာ မူဆယ်ဂိတ် ကုန်ကားတွေ ရာချီပိတ်ဆို့ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုံမှာ မြန်မာကုန်ကားတွေ ရာနဲ့ချီပြီး ပိတ်ဆို့နေပါတယ်။ ကူးစက်မြန် အိုမီခရွန် ကိုဗစ်ပိုးသစ်ကြောင့် တရုတ်ဘက်က နယ်စပ်ဂိတ် ပြန်သွားပိတ်မှာကို မြန်မာကုန်သည်တွေက စိုးရိမ်တဲ့အတွက် ကုန်တွေစုပြုံပြီး ရသလောက် တင်ပို့နေတာဖြစ်နိုင်ကြောင်း ကုန်သည်တွေ ခန့်မှန်းပါတယ်။ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကပ်ရောဂါ အကန့်အသတ်တွေကို တရုတ်ဘက်က တိုးလိုက်တာ၊ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မရေရာတာ၊ တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်နဲ့ ကြုံရမှာ စိုးရိမ်ပြီး တရုတ်နယ်စပ်ဘက်ကို ကုန်တွေပို့နိုင်ဖို့ ရောက်နေတဲ့ မြန်မာကုန်ကား ရာနဲ့ချီရှိနေပါတယ်။ မြန်မာကားတွေဟာ တရုတ်နိုင်ငံထဲကို ဝင်ခွင့်မရဘဲ တရုတ်ကားနဲ့ ကုန်ကိုလဲလှယ်ပြီး သယ်ရတာဖြစ်လို့ တရုတ်ဘက်မှာလည်း လုံလောက်တဲ့ကုန်ကားရဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာဘက်အခြမ်းမှာ ဖရဲ၊ သခွားအပါအဝင် ဆန်၊ ပဲ၊ ရော်ဘာနဲ့ စားသောက်ကုန် တင်လာတဲ့ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာလို့ မူဆယ်ဆန်ကုန်သည်အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။ “အဝင်အထွက်ကို သူတို့ကားနဲ့ပဲလုပ်ရတယ်၊ ဗမာပြည်ကကားတွေ သုံးစွဲခွင့်မပြုဘူး၊ အဲဒီတော့ ဘာအခက်အခဲတွေ ဖြစ်လာလဲဆိုတော့ တင်လိုတဲ့ကုန်ပစ္စည်းက များတယ်၊ ကားအစီးရေကနည်းတယ်။ ဒါကြောင့်ကားကို လုပြီးတင်ရတယ်။ ဖရဲ၊ သခွားကားတွေက ပုပ်သိုးကုန်လည်းဖြစ်တယ်။ ဈေးကလည်းကိုက်တဲ့အတွက် သူတို့က တရုတ်ကား ဘီး၂၂ဘီးပါတဲ့ တွဲကားတစီး တရုတ်ငွေ ၃၅,၀၀၀ပေးပြီးတင်တယ်၊ မြန်မာငွေ သိန်း၁၀၀ပေးပြီး တင်တယ်။ ကျနော်တို့ ဆန်သမား၊ ပဲသမားက လုံးဝမကိုက်တော့ဘူး၊ မတင်နိုင်တော့ဘူး။ ပိတ်မိနေတဲ့ ကားတွေဆိုတာကလည်း ခေါက်တိုချိန်းဖို့အတွက် တရုတ်ပြည်ဝင်ဖို့အတွက် တရုတ်ခေါက်တိုကားမရလို့ ရာနဲ့ချီပြီး လမ်းမှာကြန့်ကြာနေတာ၊ စောင့်နေရတာ။” ကုန်ကားအများစုကတော့ တရုတ်ကုန်ကားကို ငှားရမ်းဖို့ မတတ်နိုင်တဲ့အတွက် စောင့်ဆိုင်းရင်း မူဆယ်မှာ ရက်ကြာနေကြပါတယ်။ ဒါပေမဲ့လည်း ရက်ရှည်အထားမခံတဲ့ သစ်သီးကားတွေကတော့ မြန်မာပြည်တွင်းကနေ မူဆယ်ဘက်ကို နေ့တိုင်းဝင်နေပါတယ်။ “တရုတ်ပြည်မှာ အိုမီခရွန်တွေ့လို့ ဒီဂိတ်တံခါးပိတ်လိုက်ရင်တော့ ငါတို့မဝင်ရတော့ပါဘူးဆိုပြီး အလုအယက်တင်တဲ့ကိစ္စလည်း ပါတယ်ဗျ။ နောက်တခါ ဖေဖော်ဝါရီ ၁ရက်မှာ တရုတ်နှစ်သစ်ကူးက စပြီဆိုတော့ တရုတ်နှစ်ကူးမတိုင်မီ ဇန်နဝါရီ ၁၅ ရက်လောက်ကတည်းက သူတို့ကအလုပ်မလုပ်တော့ဘူး။ ကုန်သည်တွေကလည်း တရုတ်နှစ်သစ်ကူးမပိတ်ခင် အလုအယက်ပို့တဲ့အတွက် ခေါက်တိုကားခတွေက ဈေးမကြီးသင့်ဘဲ ကြီးသွားတာ ဖြစ်ပါတယ်။” ကိုဗစ်ကူးစက်မှုတွေကြောင့် မြန်မာနဲ့နယ်စပ်ကုန်သွယ်ရေးကို တရုတ်ဘက်က ကာလရှည်ပိတ်ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာရှိတဲ့ ကျင်စန်းကျော့ဂိတ် တခုကိုပဲ နိုဝင်ဘာလ ၂၂ ရက်မှာ ပြန်ပြီးဖွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်အကန့်အသတ်တွေကို တရုတ်ဘက်က ထပ်ပြီးတိုးလိုက်တဲ့အတွက် ပိုးသတ်ဆေးဖြန်းခတွေ၊ ကွန်တိန်သေတ္တာနဲ့ ကုန်ကားငှားရမ်းခတွေ၊ ကရိန်းဆွဲခတွေ ဒါတွေကို မြန်မာဘက်ကျခံရပြီး အရင်ကထက် ကုန်ကျစရိတ် ၂ ဆလောက် ပိုလာတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။ ဗွီအိုအေ

Wednesday, 05 January 2022 12:01
မြန်မာ့ဖရဲသီးတွေ တရုတ်နယ်စပ်မှာ ပျက်စီးဆုံးရှုံးမှုများနေ

Tuesday, 04 January 2022 23:47
ထိုင်းသစ်သီး တင်သွင်းရန် နယ်ခြားဂိတ်တစ်ခု တရုတ်ပြန်ဖွင့်ပေး

Friday, 10 December 2021 19:28
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေတဆင့် တရုတ်ဘက်တင်ပို့မယ့် ဖရဲသီးအများစု အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရတဲ့အတွက် ပျက်စီးကုန်ပြီလို့ ကုန်သည်၊ ကားသမားနဲ့ ပွဲရုံတွေဆီက သိရပါတယ်။

Friday, 10 December 2021 19:26
၂၀၂၁ အောက်တိုဘာလတွင် တရုတ်နိုင်ငံ ပြည်ပငှက်ပျောသီး တင်သွင်းမှု တန်ချိန် ၁၂၃,၉၀၀ ရှိသည်။

Thursday, 09 December 2021 12:14
ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ် ငှက်ပျောကုန်ကား ရာနဲ့ချီ စောင့်ဆိုင်းနေရ

Saturday, 27 November 2021 17:56
မြန်မာ - တရုတ် နယ်စပ်ဖြစ်တဲ့ မူဆယ် (၁၀၅) မိုင်ဇုန်ရှိ ကျင့်စန့်ကျော့ ဂိတ်ကို ကိုဗစ်စည်းကမ်းနဲ့ အညီ ယနေ့ ဖွင့်လှစ်ခွင့် ပြုလိုက်တာပါ။

Thursday, 25 November 2021 07:05
ကျင့်ဆန်းကျော့ဂိတ်မှ ဆန် နှင့် ပြောင်း တင်ပို့သွားမည်