Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားချဉ်သုပ်

ဒီကနေ့တင်ပြအမည့်အကြောင်းကတော့ ဟင်းချက်ရတာစိတ်ပျက်နေသူများအတွက်

လွယ်လည်းလွယ်၊ ခံတွင်းလည်းမြိန်စေမည့် ၀က်သားချဉ်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သားချဉ်၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းတောင့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ နံနံပင်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားချဉ်ကို အရွယ်တော် အတုံးလေးတွေ လှီးထားရပါမယ်။ ပြီးလျှင် ကြက်သွန်နီကို အခွံနွှာပါးပါးလှီးပါ။ ပြီးနောက် ရေစိမ်ထားပြီး ရေပြန်စစ်ထားပါ။



ငရုတ်သီးတောင့်ကို ထက်ခြမ်းခြမ်း၍ နှစ်ပိုင်းပိုင်းထားပါ။



လှီးထားတဲ့ ၀က်သားချဉ်ရယ်၊ ကြက်သွန်နီ ရယ်ကို နယ်မည့် ပန်းကန်ထဲထည့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် သင့်ရုံထည့်၍ သမအောင် နယ်ပြီးတဲ့အခါမှာတော့ အပေါ်မှ နံနံပင်လေးကိုထည့်လိုက်ရင်ဖြင့် အရသာရှိတဲ့ ဝက်သားချဉ်သုပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:51
Rate this item
(1 Vote)