Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


လွယ်ဂျယ်ဂိတ် အချိန်မီမဖွင့်နိုင်မှုကြောင့် တရုတ်တစ်ရှူးငှက်ပျောများ ကားအစီးရေရာနှင့်ချီ၍ စွန့်ပစ်နေရ

လွယ်ဂျယ်ဂိတ် အချိန်မီမဖွင့်နိုင်မှုကြောင့် တရုတ်တစ်ရှူးငှက်ပျောများ ကားအစီးရေရာနှင့်ချီ၍ စွန့်ပစ်နေရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်-လာရင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ကို အချိန်မီမဖွင့်နိုင်သဖြင့် တစ်ရှူးငှက်ပျောကား ရာချီစွန့်ပစ်နေရကြောင်း မြန်မာနိုင်ငံအတွင်းမှ ကားလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

လက်ရှိတွင် လွယ်ဂျယ်နယ်စပ်ဂိတ်ရှိ ဂိုဒေါင်အများစုမှာ ငှက်ပျောသီးဂျပ်ဖာများဖြင့် ပြည့်နှက်နေပြီး နယ်စပ်လမ်းတစ်လျှောက်တွင်လည်း ဆယ်နှင့်ချီသည့် ငှက်ပျောကားများ တန်းစီနေကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားသည်။

ယာဉ်လုပ်ငန်းရှင်တစ်ဦးက “ဇန်နဝါရီ ၅ ရက် ဖွင့်ဖို့လုပ်တော့ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၆ လောက်ကတည်းက စတင်ပြီး ငှက်ပျောတင်ထားကြပြီ။ အခု ၈ ရက်နေ့အထိ ငှက်ပျောကတင်နေတုန်း။ ငှက်ပျောက နှစ်ပတ်ပဲခံတော့ အရင်ဆုံးပို့တာတွေက ပစ်ရပြီ။ လုပ်ငန်းရှင်ကတော့ ဂျပ်ဖာလည်း အဖိုးတန်တော့ အဲဒါကို လုပ်သားတွေနဲ့ ပြန်ပစ်ကြရတယ်။ တစ်ရှူးငှက်ပျောတွေကလည်း ရင့်မှည့်နေကြပြီ။ တစ်စီးရရ နှစ်စီးရရ ရောင်းချင်တော့ အခုလိုဖြစ်တာပဲ။ တရုတ်နိုင်ငံဘက်မှာလည်း ငှက်ပျောစျေးတွေ အရမ်းကောင်းတာကို။ ဒီကကား သမားလုပ်ငန်းရှင်တွေ၊ ငှက်ပျောလုပ်ငန်းနဲ့ ပတ်သက်သူတွေ အားလုံးနစ်နာကြတယ်။ တချို့ကားလုပ်ငန်းရှင်တွေဆို ငှက်ပျောကုမ္ပဏီတွေနဲ့ စာချုပ်တွေချုပ်ပြီး အကြွေးတင်နေကြတာ သိန်းထောင်ချီတယ်။ နောက်မြေဆီတွေ အကြွေးပေးတဲ့လုပ်ငန်းတွေ သိန်းထောင်ချီ၊ သောင်းဂဏန်းအထိရောက်တယ်။ တရုတ်လုပ်ငန်းရှင်ကလည်း ပေးစရာမရှိဘူး။ တရားစွဲတောင်းတော့ တကယ်လုပ်ငန်းရှင်က ဒီနိုင်ငံသားမဟုတ်ဘူး။ ငှက်ပျောက တရားဝင် နိုင်ငံအစိုးရနဲ့ စာချုပ်ချုပ်ပြီး ဝင်လာတဲ့လုပ်ငန်း မဟုတ်ဘူး။ နယ်စပ်ပိတ်တာက အဘက်ဘက်က နစ်နာနေကြတာပါ”ဟု ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံ နှင့် ကုန်သွယ်နိုင်သည့် အကြီးဆုံးနယ်စပ်ဂိတ် နှစ်ခုဖြစ်သည့် ကန်ပိုင်တည်နယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်တို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်မှ စတင်ပိတ်ထားခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်ခဲ့သည်။ လက်ရှိတွင် ကန်ပိုင် တည်နယ်စပ်ဂိတ်ကို ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးကာကွယ်မှု၊ စစ်ဆေးမှုနှင့် ကုန်စည်စစ် ဆေးမှုများကြောင့် တစ်ရက်လျှင် ကားအစီး ရေဆယ်ဂဏန်းသာ ကုန်သွယ်မှုပြုနိုင်သေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မြင့်မားလာမှုကြောင့် ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များပြန် လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလဆန်းပိုင်း မှစတင်ကာ နှစ်ဖက်အစိုးရနှင့် ကုန်သည်ကြီး များက ကြိုးပမ်းခဲ့ရကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ဗန်းမော်မြို့မှ ၅၆ မိုင် လေးဖာလုံအကွာတွင် ရှိပြီး တရုတ်နိုင်ငံ လုံချွမ်ခရိုင် ကျန်းဖုန်းမြို့နယ် လိုင်းရင်းကျေး ရွာနှင့်ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင် အဓိကဆက်သွယ်ရာတွင် ကန်ပိုင်တည် နှင့် လွယ်ဂျယ်ဝင်ပေါက်၊ ပန်ဝါဝင်ပေါက်တို့ ကို အဓိက အသုံးပြုနေသည်။ ထို့ပြင် လိုက်ဇာ၊ မန်ဝိန်းကြီး ဝင်ပေါက်များကိုလည်း အသုံး ပြုနေကြကြောင်း သိရသည်။

 

 

news-eleven.com

Read times
Rate this item
(0 votes)