India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင်လ် သက်သတ်လွတ်ဂေါ်ဖီကြော်

ဝါတွင်းကာလတွင် သက်သတ်လွတ်စားသူများအတွက် အိန္ဒိယစတိုင်လ် ဂေါ်ဖီကြော်လေးက အမြင်သာ သိပ်မလှပေမယ့် စားလို့ကတော့

အရမ်းကောင်းပါတယ်။

 

 

လုပ်ရတာလည်း အရမ်းလွယ်ကူပြီး အချိန်တိုအတွင်းမှာပဲ ချက်စားနိုင် ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ဂေါ်ဖီ၊ ဟင်းရွက်ဆီ၊ မုန်ညင်းစေ့၊ ငရုတ်သီးခြောက်၊ မြေပဲ၊ ပျဉ်းတော်သိမ်ရွက်၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဂေါ်ဖီကို အနေတော်လှီးပြီး ရေစင်အောင်ဆေးကြောပြီး ရေစစ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် မုန်ညင်းစေ့၊ ငရုတ်သီးခြောက်၊ ပျဉ်းတော်သိမ်ရွက်၊ မြေပဲတို့ထည့်ကာ မိနစ်အနည်းငယ်ကြာ မွှေထားပါ။

 

ပြီးနောက် မီးခပ်အေးအေးဖြင့် ဂေါ်ဖီ၊ ဆားများထည့်ကာ ရောမွှေပြီး မိနစ်အနည်းငယ်ခန့် ကြော်ပေးပါ။

 

ဂေါ်ဖီနွမ်းသည်အထိကြော်ပြီးပါက နောက်ထပ် မိနစ်အနည်းငယ်ထားပြီး မီးအေးအေးဖြင့် ကြော်ပြီးရင်တော့ အိန္ဒိယစတိုင် သက်သတ်လွတ် ဂေါ်ဖီကြော်ကို ထမင်းပူပူလေးနှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:19
Rate this item
(2 votes)