India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

17/3/2023

*
အင်ဒိုနီးရှားသည် အရန်ဆန် ပမာဏ လျာထားချက် ပြည့်မီရန် ဆန်တင်သွင်းလျက် ရှိပါသည်။
*
အာဖရိက နိုင်ငံများ အိန္ဒိယဆန်ဝယ်လိုအား လျော့ကျနေသည်။
*
တရုတ်ဝယ်လက်များ ဝယ်အား မြင့်တက်သဖြင့် ဗီယက်နမ်ဆန် ယခုသီတင်းပတ် တင်ပို့မှု မြင့်တက်သည်။
*
နိုင်ငံသုံးငွေ အိန္ဒိယရူပီနှင့် ထိုင်းဘတ်တို့ ကန်ဒေါ်လာလဲနှုန်းတွင် တန်ဖိုးကျသဖြင့် ပို့ကုန်ဆန် ခေါ်ဈေးများ ကျဆင်းခဲ့သည်။
*
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင်သီတင်းပတ်တွင် $440-$445 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $450 သို့ မြင့်တက်သည်။
အင်ဒိုနီးရှားနှင့် တရုတ်တို့မှ ဗီယက်နမ်ဆန် အဝယ်များနေသည်။
*
၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင်သီတင်းပတ်တွင် $385 ~ $390 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $382 ~ $387 သို့ ကျဆင်းသည်။ ကန်ဒေါ်လာနှင့် အိန္ဒိယရူပီ ငွေလဲနှုန်းတွင် ရူပီတန်ဖိုးကျသဖြင့် ကန်ဒေါ်လာဖြင့် ဈေးခေါ်သည့် ဈေးနှုန်းများ ကျဆင်းသည်။ ထို့ပြင် အာဖရိကနိုင်ငံများ အိန္ဒိယဆန် ဝယ်လိုအား လျော့နည်းနေသည်။
*
၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> ခေါ်ဈေး တစ်တန်လျှင် ယခင်သီတင်းပတ်တွင် $460 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $455 သို့ ကျဆင်းသည်။
ထိုင်းဆန် ဈေးကျရသည်မှာလည်း ငွေလဲနှုန်းကြောင့် ဖြစ်သည်။
ဈေးကွက်ထဲ ဆန်အဝင် ပါးနေပြီး ပြည်ပမှ အဝယ်လည်း အေးနေသည်။

Source Reuters

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 17 March 2023 15:50
Rate this item
(0 votes)