India



တင်သွင်းသည့် ပဲစင်းငုံနှင့် မတ်ပဲ လက်ထဲ ရက် ၃၀ ထက် ပိုမထားရန် အိန္ဒိယအစိုးရ ညွှန်ကြား

တင်သွင်းသည့် ပဲစင်းငုံနှင့် မတ်ပဲ လက်ထဲ ရက် ၃၀ ထက် ပိုမထားရန် အိန္ဒိယအစိုးရ ညွှန်ကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြည်ပမှ တင်သွင်းသည့် ပဲစင်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန်ရှင်းလင်းရေးကိစ္စ ပြီးစီးသည့်ရက်မှ ရက်ပေါင်း ၃၀ ထက်ကျော်လွန်ပြီး လက်ထဲ ကိုင်မထားရန် အိန္ဒိယအစိုးရက သွင်းကုန်လုပ်ငန်းရှင်များကို ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။

.

 အန္ဒိယနိုင်ငံမှ စားသုံးသူတို့အကြား အရေးပါသည့် ပဲနှစ်မျိုးဖြစ်သော ပဲစင်းငုံနှင့် မတ်ပဲတို့ကို ပြည်တွင်းဈေးကွက်တွင် ဈေးမတက်အောင် ထိန်းကျောင်းရန် စားသုံးသူရေးရာ ဝန်ကြီးဌာနက ၎င်းညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ 

 ထို့ပြင် လက်ထဲရှိနေသည့် ပဲပမာဏများကို သောကြာနေ့တိုင်း အစီရင်ခံရန် ပဲကုန်သည်များကို ညွှန်ကြားထားသည်။

.

 အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်နှံအစေ့အဆန်များအသင်း Indian Pulses and Grains Associationမှ ၎င်း၏အဖွဲ့ဝင်အားလုံးကို အစိုးရမှ အကြံပြုထားသည့်အတိုင်း လက်ထဲ ရှိနေသည့် ပဲများကို ရောင်းချကြရန် ပြောကြားခဲ့သည်။

.

ပဲစင်းငုံသည် တစ်ကီလိုလျှင် ရူပီး ၁၂၀၊ မတ်ပဲသည် တစ်ကီလိုလျှင် ရူပီး ၁၁၀ ဖြင့် ဈေးငြိမ်နေသည်မှာ ၃ လ ရှိပြီ ဖြစ်သည်။

“မြန်မာနဲ့ မိုဇမ်ဘစ်တို့လို နိုင်ငံတွေကနေ ပဲစင်းငုံနှင့် မတ်ပဲပို့ကုန်တွေ အရှိန်မြှင့်တင်ပို့ဖို့ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် အခုလို ဈေးတည်ငြိမ်နေတာပါ။ ရည်မှန်းချက်က ကုန်စည် စီးဆင်းမှုမှာ တစ်ဆို့မှု ကင်းဖို့နဲ့ လှောင်မထားကြဖို့ ဖြစ်ပါတယ်" ဟု အစိုးရဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

.

မေလ အစောပိုင်းက စားသုံးသူရေးရာ အတွင်းဝန် Rohit Kumar Singh က မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအား ၎င်းတို့၏ ပဲပို့ကုန်များကို လှောင်ထားခြင်းမပြုရန် တိုက်တွန်းခဲ့ပြီး အစိုးရအနေဖြင့် အခြားရွေးချယ်စရာ နည်းလမ်း မကျန်သဖြင့် အစိုးရချင်း စာချုပ် ချုပ်ဆိုပြီး ဝယ်ယူသည့် အဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

.

 အိန္ဒိယတွင် မတ်ပဲနှင့် ပဲစင်းငုံ အထွက်လျော့ကျသဖြင့် ပြည်တွင်းဖူလုံရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည်။

.

ပဲစင်းငုံသည် ယမန်နှစ်က တန်ချိန် ၄၂ သိန်း ထွက်ရှိခဲ့သည်။ ယခုနှစ် (၂၀၂၂ ဇူလိုင်မှ ၂၀၂၃ ဇွန်လအထိ)တွင် တန်ချိန် ၃၇ သိန်း ထွက်ရှိမည်ဟု စိုက်ပျိုးရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ပဲကုန်သည်တို့က တန်ချိန် ၂၈ သိန်းထက် မပိုဟု ခန့်မှန်းထားသည်။

.

မတ်ပဲ ထွက်ရှိမည့် ပမာဏကို တန်ချိန် ၂၇ သိန်း ဝန်းကျင်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က တန်ချိန် ၂၈ သိန်း ထွက်ရှိခဲ့သည်။ 

.

အိန္ဒိယနိုင်ငံသည် ပြည်တွင်း ပဲစားသုံးမှု၏ ၁၅% ကို ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းပါသည်။

.

 Source timesofindia 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)