India
Spaghetti Noodle - Italian Food
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း
မိသားစုဆုံတုန်းလေး လုပ်စားနိုင်တဲ့ Spaghetti ခေါက်ဆွဲ အကြောင်းကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ Spaghetti ခေါက်ဆွဲခြောက်၊ ကြက်/၀က်/အမဲသား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့လိုအပ်ပါမယ်။
အသားကတော့ မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။
ပထမဦးဆုံး ခေါက်ဆွဲပြုတ်ရန် ရေနွေးအိုးတည်ထားပါ။ ရေနွေးဆူပွက်လာလျှင် ခေါက်ဆွဲကို ထက်ပိုင်းပိုင်းပြီးထည့်ပါ။
ဆားအနည်းငယ်ထည့်ပြီး ခေါက်ဆွဲပျော့လာသည်အထိ ပြုတ်ထားပေးပါ။
ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဒယ်အိုးထဲသို့ ဆီထည့်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ လှီးထားပြီးသားကို ဆီသတ်ထားပါ။ ပြီးလျှင် တောက်တောက်စင်းထားသော အသားကို ရောထည့်ပြီး အသားနီညိုရောင်သန်းလာသည်အထိ ကြော်ပေးပါ။
ခရမ်းချဉ်သီး ကြိတ်ထားသည်များ ရေအနည်းငယ်ထည့်ပြီး အနှစ်ရအောင်ကြိုပေးထားပါ။ ပြီးလျှင် ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။ ခရမ်းချဉ်သီး ကျက်လာရင် မီးဖိုပေါ်မှ ချလိုက်ပါ။
ပန်းကန်ပြားထဲမှာ ခေါက်ဆွဲကို အရင်ထည့်ပါ။ ခရမ်းချဉ်သီးအရည်ကို အပေါ်မှ ဆမ်းပါ။ ပြီးလျှင် အသားချက်ထားတာဖြူးလိုက်ပါ။ ပြီးနောက် Spaghetti ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ။