India



အာရှဆန် တပတ်တာ ဈေးနှုန်း အတက်အကျများ

အာရှဆန် တပတ်တာ ဈေးနှုန်း အတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အာရှမှ ဆန်တင်ပို့သည့် အဓိက နိုင်ငံများမှ ဆန်ဈေးနှုံးများသည် ဒီဇင်ဘာလ ၂၈ ရက်တွင် အမြင့်ဆုံး စံချိန်သစ်များ စံချိန်တင်ခဲ့ကြသည်။ 

ထိုင်းဆန် ဈေးနှုန်းသည် ၁၅ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသည်။ အိန္ဒိယ ပေါင်းဆန် ဈေးနှုန်းသည် ၂ လတာတွင် အမြင့်ဆုံးသို့ ရောက်ရှိသည်။

 

၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 အမျိုးအစားသည် ခေါ်ဈေး တတန်လျှင် $655-$660 ရှိပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလဆန်း နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်။ လွန်ခဲ့သည့် တပတ်က ခေါ်ဈေး တတန်လျှင် $646-$650 ရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။

 

နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဆန်အဝင် နည်းလာချိန်တွင်  ပြည်ပဝယ်လိုအားအသစ်များ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ၀ယ်လိုအားများ တိုးလာခြင်းကြောင့် ဆန်ဈေး မြင့်တက်သည်ဟု ကုန်သည်များက ယူဆကြသည်။

 

အိန္ဒိယနိုင်ငံ၏ ပေါင်းဆန် တင်ပို့ဟည့် ဈေးနှုန်းများသည် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ယခုသီတင်းပတ်အတွင်း တိုးမြင့်လာခဲ့သည်။

ဆန်အဝင်နည်းနေခြင်း၊ အခြားဆန်တင်ပို့သည့် နိုင်ငံများ၏ ပို့ကုန်ဆန် ဈေးနှုန်းများ မြင့်တက်သဖြင့် အိန္ဒိယ ပေါင်းဆန်လည်း ဈေးမြင့်တက်သည်။

 

"အိန္ဒိယ ပေါင်းဆန် ဈေးမြင့်တက်ပေမဲ့ တခြားနိုင်ငံက ဆန်ဖြူဈေးနှုန်းတွေထက် သက်သာပါတယ်။ ဈေးသက်သာတဲ့ဆန်ကို ဝယ်ချင်တဲ့ ဝယ်လက်တွေ ရှိနေပါတယ်" ဟု မွန်ဘိုင်းမှ ဆန်ကုန်သည်တဦးက ပြောကြားသည်။ 

 

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် RI-INBKN5-P1 အမျိုးအစား ခေါ်ဈေးသည် တတန်လျှင် ယခင်အပတ်က $505-$512 ရှိခဲ့ရာမှာ $508-$515 သို့ မြင့်တက်လာသည်။

 

ယခုနှစ် အိန္ဒိယ စပါး အထွက် လျော့ကျမည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ ပြည်ပတင်ပို့မှုကို ဆက်လက် ကန့်သတ်ပိတ်ပင်ထားမည် ဖြစ်သည်။

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်  RI-VNBKN5-P1 အမျိုးအစားသည် ခေါ်ဈေးသည် တတန်လျှင် ယခင်အပတ်က$660-$665 ရှိခဲ့ရာမှာ $653 သို့ ကျဆင်းသည်။ 

ယေဘုယျအားဖြင့် အရောင်းအဝယ် ပါးနေသောကြောင့် ယခုတစ်ပတ်တွင် ဈေးအနည်းငယ်ကျဆင်းသွားသည်။

ကုန်သည်များက ဆောင်း-နွေဦး ဆန်သစ်ပေါ်ချိန်ကို စောင့်နေကြသည်။ 

 

 ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဖိလစ်ပိုင်၊ တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ဗီယက်နမ်ဆန် ထိပ်တန်းဝယ်လက်များအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ဂါနာ၊ အီဂျစ်သို့ တင်ပို့မှု အနည်းငယ် လျော့ကျသွားနိုင်သည်ဟု ခန့်မှန်းထားသည်။ 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 30 December 2023 14:41
Rate this item
(0 votes)