India
ခွင့်ပြုခွဲတမ်းထက် သကြားပိုရောင်းသည့် သကြားစက်များကို အိန္ဒိယ အစိုးရ သတိပေးစာ ထုတ်ပြန်
ခွင့်ပြုခွဲတမ်းထက် သကြားပိုရောင်းသည့် သကြားစက်များကို အိန္ဒိယ အစိုးရ သတိပေးစာ ထုတ်ပြန်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အိန္ဒိယအစိုးရသည် ခွင့်ပြုပေးထားသည့် ခွဲတမ်းထက် ကျော်လွန်ရောင်းချသော သကြားကုမ္ပဏီများနှင့် သကြားစက် ၂၀ ကျော်အား သတိပေးစာများ ထုတ်ပြန်ခဲ့ကြောင်း The Hindu Business Line က သတင်းဖော်ပြခဲ့ပါသည်။
အချို့သော ကုမ္ပဏီများသည် သတ်မှတ်ထားသော ပမာဏထက် သကြား ၃၀-၄၀% အကြား ပိုရောင်းခဲ့ကြသည်။
အလွတ်ဈေးကွက်တွင် လစဉ်သကြားရောင်းချမှုအပေါ် ခွဲတမ်းချပေးရန် တာဝန်ယူထားသော စားနပ်ရိက္ခာဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လေးလတာကာလအတွင်း သကြား တန်ချိန် ၉၈ သိန်းကို ပြည်တွင်း သကြားဈေးကွက်ထဲသို့ ရောင်းချရန် သတ်မှတ်ခဲ့သည်။
အချို့သော သကြားစက်များသည် ၎င်းတို့ကို ချပေးထားသော သကြားရောင်းချခွင့် ပမာဏထက် ကျော်လွန်ပြီး ရောင်းချနေကြောင်း အစိုးရက တွေ့ရှိခဲ့သည်။
လစဉ်ခွဲတမ်းများကြောင့် စျေးနှုန်းများအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုများ မဖြစ်ပေါ်အောင် လုပ်ဆောင်ရသည်။ သကြားဈေးနှုန်း တည်ငြိမ်ရေးကို ရှေ့ရှုထားသည်။
သို့ဖြစ်ရာ သကြားစက်များသည် ချပေးထားသည့် ခွဲတမ်း၏ အနည်းဆုံး ၉၀%ကို သတ်မှတ်ကာလအတွင်း ရောင်းချရသည်။ မလိုက်နာသည့် ပမာဏကို နောက်လ ခွဲတမ်းတွင် လိုတိုးပိုလျှော့ ချိန်ညှိပေးသည်။
အစိုးရသည် ၎င်းတို့၏ လစဉ်ထုတ်လွှတ်မှု ခွဲတမ်းထက် မလိုက်နာသည့် စည်းကမ်းမရှိသော စက်ရုံများကို တင်းတင်းကျပ်ကျပ် အရေးယူရန် ရည်ရွယ်ထားသည်။
အစိုးရသည် သကြားထိန်းချုပ်ရေးအမိန့် Sugar Control Order (SCO) အရ သကြားစက်မှ သကြားလက်ကျန်များကို သိမ်းယူရန်၊ ပြစ်ဒဏ်ချမှတ်နှင့် ခွဲတမ်းများကို လျှော့ချရန် လုပ်ပိုင်ခွင့် အာဏာကို ကိုင်စွဲထားပါသည်။
Source The Hindu Business Line
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL