India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် အုန်းနို့နဲ့ချက်တဲ့ ငါးဟင်း

 

ငါးဟင်းကို ပုံစံတစ်မျိုးမျိုးဖြင့် ချက်တတ်ကြပါတယ်။ ယခုတော့ အိန္ဒိယတွင် နာမည်ကြီးဟင်းတစ်မယ်ဖြစ်တဲ့ အုန်းနို့နဲ့ချက်တဲ့ ငါးဟင်းချက်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးတန်၊ ဆီ၊ ဇီယာစေ့၊ ပျဉ်းတော်သိမ်းရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ နံနံစေ့မှုန့်၊ ငရုတ်သီးစိမ်း၊ မန်ကျည်းရည်၊ အုန်းနို့၊ ဆား၊ ကြက်သားမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင် တုံးထားပါ။ ပြီးလျှင် ဆား၊ ကြက်သားမှုန့်ဖြင့် အရသာနယ်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာလျှင် ဇီယာစေ့၊ ပျဉ်းတော်သိမ်းရွက် တို့ထည့်ကာ မိနစ်အနည်းခန့်ကြာအောင်ထားပြီး မွှေပေးပါ။

 

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့် တို့ကို ထည့်၍ ဆီသပ်ပေးပါ။

 

ပြီးနောက် ရေအနည်းငယ်ထည့်ပြီး ငါးတန်၊ ငရုတ်သီးစိမ်း တို့ကို ထည့်၍ ရောမွှေကာ အဖုံးအုပ်ထားပေးပါ။

 

ငါးတန်ကျက်ပြီဆိုမှ မန်ကျည်းရည်နှင့် အုန်းနို့တို့ ထည့်ကာ ရောမွှေလိုက်ပါ။

 

အရသာအပေါ့အငံအတွက် ဆား၊ ကြက်သားမှုန့်များ ထည့်လိုက်ပါ။

 

ရေခန်းသွားပြီဆိုလျှင်တော့ မီးဖိုပေါ်မှ ဟင်းအိုးကိုချလိုက်ပါ။ ပြီးရင်တော့ ထမင်းပူပူလေးနဲ့ ငါးအုန်းနို့ဟင်းလေးကို မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:02
Rate this item
(1 Vote)