India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် ဘဲဥခါးပတ်ကြော်

ကလေးများနှင့် လူကြီးများ ကြိုက်နှစ်သက်စေမယ့်အပြင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဘဲဥခါးပတ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ အာလူး၊ ဘဲဥ၊ ကြက်ဥ၊ ဆား၊ သကြား၊ နံနံစေ့မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ နံနံပင်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဘဲဥနှင့် အာလူးကို ပြုတ်ထားပါ။ ပြီးလျှင် အာလူးကို အခွံခွာပြီး ကြိတ်ထားပါ။ ပြီးလျှင် ဆား၊ နံနံစေ့မှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြှူုန့်၊  လှီးဖြတ်ထားတဲ့နံနံပင်တို့နဲ့ သမအောင် အာလူးကို ရောမွှေပေးထားပါ။

 

သမအောင်မွှေပြီးရင်တော့ ကြက်ဥတစ်လုံးကို ပန်းကန်ထဲတွင် ခလောက်ထားပါ။ ပြုတ်ထားသော ဘဲဥကိုလည်း အစိတ်လေးစိတ်ဖြစ်အောင် လှီးဖြတ်ထားပါ။ ပြီးလျှင် ချေထားသော အာလူးကို လက်ထဲတွင် ပြားပြီး ဘဲဥစိတ်ထ၍  အလုံးလေးဖြစ် အောင် လုံးထားပါ။

 

ပြီးနောက် ကြက်ဥခလောက်ထားတဲ့အထဲသို့ အာလူးလုံးကလေးကိုနှစ်ပြီး ပြန်ဆယ်ကာ ဂျုံပေါင်မှုန့်ထဲသို့လည်း နှစ်ပြီး လင်ဗန်းထဲ ခဏ ထည့်ထားပါ။

 

ပြီးရင်တော့ မီးဖိုပေါ်သို့ ဒယ်အိုးတင် ဆီထည့် အပူပေးပြီး ဆီပူလာလျှင် လုံးထားသော အာလူးလုံးကလေးတွေကို ရွှေအိုရောင် သန်းလာသည်အထိ ကြော်ထားပေးပါ။

 

ပြီးလျှင် ဆီစစ်ပြီး အရသာရှိစွာ အိန္ဒိယစတိုင် ဘဲဥခါးပတ်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)