India



အန္ဒိယတွင် ကြံမရသဖြင့် သကြားစက်များ ရက်စောပိတ်ရမည်

အန္ဒိယတွင် ကြံမရသဖြင့် သကြားစက်များ ရက်စောပိတ်ရမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အန္ဒိယနိုင်ငံတွင် မိုးများခြင်းကြောင့် ကြံအထွက်နည်းသဖြင့် သကြားစက်များ ခါတိုင်းထက် စောပိတ်ကြရသည်။

အနောက်ပိုင်းရှိ မဟာရဋ္ဌပြည်နယ်သည် အိန္ဒိယနိုင်ငံ သကြားထုတ်လုပ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးသော ပြည်နယ်ဖြစ်ပြီး ယခုနှစ်တွင် ပြည်ပပို့ကုန် သကြား ထုတ်လုပ်မှု လျော့ကျသည်။

ကြိတ်စရာ ကြံ ကုန်ဖြစ်သဖြင့် သကြားစက်များ ယမန်နှစ်ထက် ရက်ပေါင်း ၄၅ မှ ၆၀ ရက် စောပြီး ပိတ်ကြရမည် ဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်တို့က ပြောကြားသည်။

 

၂၀၂၂ အောက်တိုဘာလ ၁ ရက်တွင် စတင်သည့် ၂၀၂၂/၂၃ ကြံရာသီတွင် သကြားတန်ချိန် ၁၂.၈ သန်း ရရှိမည်ဟု ခန့်မှန်းသည်။ ယခင်က တန်ချိန် ၁၃.၈ သန်း ရရှိမည်ဟု ခန့်မှန်းထားခြင်းကို တန်ချိန် ၁ သန်း လျှော့ချပြီး ပြင်ဆင်ခန့်မှန်းလိုက်ခြင်း ဖြစ်ပါသည်။

ကမ္ဘာ့သကြားဈေးကွက်ထဲသို့ ဒုတိယအများဆုံး တင်ပို့‌သည့် အိန္ဒိယနိုင်ငံအနေဖြင့် သကြားတိုးမြှင့်တက်ပို့ရန် မဖြစ်နိုင်တော့ကြောင်း မဟာရဋ္ဌပြည်နယ် သကြားကော်မရှင်နာ Shekhar Gaikwad က ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ဘရာဇီးသကြားနှင့် ထိုင်းသကြားများ ပိုမိုတင်ပို့နိုင်ကြမည် ဖြစ်သည်။

လက်ရှိကြံရာသီတွင် အိန္ဒိယအစိုးရက သကြားတန်ချိန် ၆.၁ သန်းမျှသာ တင်ပို့ရန် ခွင့်ပြုထားသည်။ ၎င်းခွဲတမ်းတွင် သကြားစက်များက တန်ချိန် ၅.၇ သန်းကို ပြည်ပတင်ပို့ရန် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုထားပြီးပြီ ဖြစ်သည်။

 

 

photo_2023-01-29_15-59-28.jpg

 

အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ သကြားစက်များသည် လာမည့် ၁၅ ရက်အတွင်း ပိတ်ကြရဖွယ် ရှိသည်။ ၂၀၂၃ ဧပြီလကုန်တွင် သကြားစက် သုံးလေးစက်မှအပ ကျန်သကြားစက်များအားလုံး ပိတ်ကြရတော့မည် ဖြစ်သည်။

 

မဟာရဋ္ဌပြည်နယ်ရှိ သကြားစက်များသည် ကြံများ စံချိန်တင် ထွက်ခဲ့သည့် ၂၀၂၁/၂၂ ကြံရာသီတွင် ဇွန်လလယ်အထိ ကြံကြိတ်ခဲ့ကြသည်။ တန်ချိန် ၁၃.၇ သန်း စံချိန်တင် ထုတ်လုပ်နိုင်ခဲ့သဖြင့် အိန္ဒိယနိုင်ငံသည် သကြားတန်ချိန် ၁၁.၂ သန်း  ပြည်ပသို့ စံချိန်တင် တင်ပို့နိုင်ခဲ့သည်။

 

ယခုအခါ သကြားပို့ကုန်ခွဲတမ်း လက်ကျန် နည်းနေပြီဖြစ်သဖြင့် အိန္ဒိယနိုင်ငံ သကြားစက်များအသင်းက တန်ချိန် ၄ သန်း ထပ်တိုးပေးရန် တောင်းဆိုထားသည်။

 အိန္ဒိယသည် သကြားကို အဓိကအားဖြင့်  အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဆူဒန်၊ ဆိုမာလီယာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)သို့  တင်ပို့ပါသည်။

Source scmp

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)