India

×

Warning

JUser: :_load: Unable to load user with ID: 540


Lipton အပါအဝင် လက်ဖက်ခြောက်လုပ်ငန်းလက်တံကို Unilever က ယူရို ၄.၅ ဘီလျံဖြင့် ရောင်းချ

ဗြိတိသျှ လူသုံးကုန်ပစ္စည်း လုပ်ငန်းစု Unilever က Lipton အမှတ်တံဆိပ် အပါအဝင် ၎င်းရဲ့ ကမ္ဘာလုံးဆိုင်ရာ လက်ဖက်လုပ်ငန်းကို

ယူရို ၄.၅ ဘီလျံဖြင့် ရောင်းချဖို့ သဘောတူညီထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပုဂ္ဂလိကပိုင် လုပ်ငန်းစု CVC Capital Partners ထံ ရောင်းချတာ ဖြစ်ပါတယ်။
Unilever အနေဖြင့် ကြီးထွားနှုန်း ပိုမြင့်မားတဲ့ အခွင့်အလမ်းများကို အခြားနေရာများမှာ ရှာဖွေမှာ ဖြစ်ကြောင်း အလုပ်အမှုဆောင်အရာရှိချုပ် Alan Jope က ကြေညာချက်မှာ ပြောကြားထားပါတယ်။

အရောင်းအဝယ်ကို ခွင့်ပြု သဘောတူညီချက်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်ထံ တင်ပြထားပြီး လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ အပြီးအစီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Unilever ရဲ့ Lipton, Pukka, T2, Tazo, PG Tips အစရှိသော နာမည်ကြီး brand များ အပါအဝင် အမှတ်တံဆိပ် ၃၄ ခု ပိုင်ဆိုင်တဲ့ ekaterra tea division တစ်ခုလုံးကို ရောင်းချလိုက်တာ ဖြစ်ပါတယ်။
ရောင်းချတာမှာ Unilever ရဲ့ အန္ဒိယ၊ နီပေါနဲ့ အင်ဒိုနီးရှားတို့မှာ လုပ်ကိုင်နေတဲ့ လက်ဖက်လုပ်ငန်းတွေ မပါဝင်ပါ။ ဖျော်ရည်လုပ်ငန်း Pepsi နဲ့ အတူလုပ်ကိုင်နေတဲ့ ဖက်စပ်လုပ်ငန်း Pepsi Lipton သောက်ရန်အသင့် လက်ဖက်ရည် လုပ်ငန်းလည်း မပါဝင်ပါ။ ဆက်နွှယ်နေတဲ့ ဖြန့်ချိရေးလုပ်ငန်းပိုင်းလည်း မပါဝင်ပါ။

ekaterra tea division က ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ယူရို ၂ ဘီလျံ ရရှိခဲ့ပါတယ်။

Read 1371 times Last modified on Tuesday, 23 November 2021 10:58
Rate this item
(0 votes)