India



ရုရှားဆန် တင်ပို့မှု ယာယီ ပိတ်ပင်ထား

ရုရှားဆန် တင်ပို့မှု ယာယီ ပိတ်ပင်ထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ရုရှားအစိုးရသည် ဆန်တင်ပို့မှုကို ယခုနှစ်ကုန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ပိတ်ပင်တားမြစ်ထားသည်။

ပြည်တွင်းဈေးကွက် တည်ငြိမ်စေရေးအတွက် တင်ပို့မှု တားမြစ်သည်ဟု ဆိုသည်။

 

“အစိုးရက ဆန်နှင့် ဆန်ကွဲ တင်ပို့မှု ယာယီ ပိတ်ပင်ထားလိုက်ပါသည်။ တားမြစ်ချက်သည် ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်အထိ သက်ရောက်မည်ဖြစ်သည်။ ပြည်တွင်းဈေးကွက် တည်ငြိမ်မှုကို  ထိန်းသိမ်းရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်"ဟု Telegram မက်ဆော့အက်ပ် ချန်နယ်တွင် တင်ပြခဲ့သည်။ 

Eurasian Economic Union အဖွဲ့ဝင် နိုင်ငံများ၊ South Ossetia နှင့် Abkhazia တို့ကို ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တားမြစ်ချက်မှ ကင်းလွတ်ခွင့် ပေးထားကြောင်းလည်း ဖော်ပြထားပါသည်။

 

လူသားချင်း စာနာထောက်ထားမှု အကူအညီအတွက် ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ ပို့ဆောင်နိုင်‌ကြောင်းလည်း အသိပေးထားပါသည်။ 

ဆန်နှင့် ဆန်ကွဲများကို တစ်ဆင့်ခံအနေဖြင့် တင်သွင်းပြီးနောက် ပြန်တင်ပို့ခြင်းကိုလည်း ခွင့်ပြုထားပါသည်။

 

Source Sputnik

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 15 August 2023 08:13
Rate this item
(0 votes)