India



အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ခြင်း စင်ကာပူအပေါ် သက်ရောက်မှုရှိဟု ပြောကြား

အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ခြင်း စင်ကာပူအပေါ်  သက်ရောက်မှုရှိဟု ပြောကြား

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယ၏ ဇူလိုင်လတွင် ဆန်တင်ပို့မှု ပိတ်ပင်ခြင်း ကဲ့သို့သော ဆောင်ရွက်ချက်များသည် အိန္ဒိယဆန် အဓိက တင်သွင်းသည့် နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံအပေါ် ထိခိုက်စေနိုင်သည့် သက်ရောက်မှုများ ရှိခဲ့ကြောင်း စင်ကာပူနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် Tze Ch'in Ong က ပြောကြားသည်။

 

“ကျွန်တော်တို့အတွက် စားသောက်ကုန် တင်သွင်းနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ အိန္ဒိယရဲ့ ဆန်တင်ပို့မှု ပိတ်ပင်တာဟာ စင်ကာပူအပေါ်  ထိခိုက်စေတဲ့ သက်ရောက်မှုရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

 

၂၀၂၂ ခုနှစ်တွင် စင်ကာပူသည် ဆန်တင်သွင်းမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို အိန္ဒိယမှ တင်သွင်းခဲ့သည်။

 

 အိန္ဒိယကဲ့သို့ အကွက်ရွှေ့ခြင်းများမှ ရှော့ခ်များကို လျှော့ချရန် စင်ကာပူသည် ခက်ဖြာသည့် မဟာဗျူဟာကို ကျင့်သုံးကြောင်း၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကဲ့သို့‌ေသာ အခြားဆန်တင်ပို့သည့် နိုင်ငံများကိုလည်း အားကိုးအားထားပြုထားကြောင်း Ong က ပြောကြားသည်။

 

စင်ကာပူ စားသောက်ကုန် အေဂျင်စီ Singapore Food Agency က ဇူလိုင်လတွင် နိုင်ငံပေါင်း ၃၀ ကျော်အထိ ခက်ဖြာပြီး ဆန်တင်သွင်းကြောင်း ပြောကြားခဲ့သည်။

တင်သွင်းသည့် နိုင်ငံများကို ခက်ဖြာထားသည့်အပြင် ပြည်တွင်းအရန်ဆန် အလုံအလောက် သိုလှောင်ထားရှိသဖြင့် ပေးသွင်းကွင်းဆက်တွင် ရုတ်တရက် အကြီးအကျယ် ပြတ်တောက်သည့်အခါ ဒဏ်ခံနိုင်ရည် ရှိနေစေသည်။

 

ဩဂုတ်လတွင်  ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၅၀၀၀၀ ကို စင်ကာပူနိုင်ငံသို့ ရောင်းချရန် ခွဲတမ်းချပေးမည်ဟု အိန္ဒိယက ကြေညာခဲ့သည်။ ထိုသို့ ဆန်ဝယ်ယူခွင့် ပေးအပ်သည့်အတွက် စင်ကာပူအနေဖြင့် ကျေးဇူးတင်ကြောင်း Ong က ပြောကြားသည်။

Source mint


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 17 October 2023 14:16
Rate this item
(0 votes)