India



အိန္ဒိယနိုင်ငံသို့ တင်ပို့ရာ၌ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သော အသင့်ထုပ်ပိုးထားသော အစားအသောက် အမျိုးအစား (၅)မျိုးစာရင်း

အိန္ဒိယနိုင်ငံသို့ တင်ပို့ရာ၌ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သော အသင့်ထုပ်ပိုးထားသော အစားအသောက် အမျိုးအစား (၅)မျိုးစာရင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အိန္ဒိယနိုင်ငံသို့ တင်ပို့ရာ၌ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သော အသင့်ထုပ်ပိုးထားသော အစားအသောက် အမျိုးအစားများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသော ကြေညာချက်အမှတ် (၅ / ၂၀၂၃)ကို မျှဝေအပ်ပါသည်။

 


 

အိန္ဒိယနိုင်ငံအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းများ အာဏာပိုင်အဖွဲ့ (Food Safety and Standards Authority of India) မှ စာအမှတ် (F.No.TIC-B02/2/2022- IMPORT-FSSAI) ဖြင့် (၁၀-၁၀-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်သော အမိန့်စာအရ အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် အောက်ဖော်ပြပါအသင့်ထုပ်ပိုးထားသော အစားအသောက်အမယ်များအတွက် သက်ဆိုင်ရာနိုင်ငံ၏ အခွင့်အာဏာရအဖွဲ့မှ ထောက်ခံချက်ပေးမှသာ တင်ပို့ခွင့်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါအစားအသောက်အမယ်များကို အိန္ဒိယနိုင်ငံသို့ တင်ပို့သော လုပ်ငန်းများအနေဖြင့် နေပြည်တော်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲတွင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ … အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လက်မှတ်၊ တင်ပို့မည့် ကုန်စည်အမှတ်အသားအမည် ( Brand Name)၊ အစားအသောက်အမျိုး အမည် (Name of Food) နှင့် H.S လိုင်းနံပါတ် (HS Code of Product) တို့နှင့်တကွ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

 

အိန္ဒိယနိုင်ငံသို့ တင်ပို့ရာ၌ မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သော အသင့်ထုပ်ပိုးထားသော အစားအသောက်အမယ်များ စာရင်း

 

၁။ နို့နှင့် နို့ထွက်ပစ္စည်းများ (Milk and Milk Products)

 

၂။ အသားနှင့် အသားထွက်ကုန်များ (ကြက်/ ငှက်အသား၊ ငါးနှင့် ၎င်းတို့၏ ထွက်ကုန်များ)

(Meat and Meat Products including Poultry, Fish and their products)

 

၃။ ဥအခြေခံအမှုန့်များ (Egg Powder)

 

၄။ နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက် (Infatnt Food)

 

၅။အာဟာရအထောက်အကူပြု အစားအသောက်များ (Nutraceuticals)

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 19 August 2023 11:30
Rate this item
(0 votes)