India

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေညောင်ပင် ကြက်သားသုပ်

ကြက်သားသုပ်ကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း မိသားစုဆုံတုန်းလေး လွယ်လွင့်တကူပြုလုပ်နိုင်တဲ့ ရွှေညောင်ပင် ကြက်သားသုပ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ကြက်မြစ်ကြက်သည်း၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ကုလားပဲအစိမ်းမှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ဆီ၊ ငံပြာရည်၊ ကြက်သားမှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ရေနွေးအိုးကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ပြီးတော့မှ ကြက်သားကို ရေဆေးသန့်စင်ပေးထားပါ။ ပြီးလျှင်တော့ နနွင်းမှုန့်၊ ငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့နဲ့ ရောမွှေပြီး တစ်နာရီခန့် နှပ်ထားပေးပါ။

 

ပြီးနောက် ပဲမှုန့်ကို ရေဖြင့်ဖျော်ပေးပြီး နာရီဝက်ခန့်စိမ်ထားပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။ ဂေါ်ဖီကိုလည်း ပါးပါးလှီးထားပါ။ သံပရာသီးကို အစိပ်ခလေးတွေဖြစ်အောင် လှီးထားပါ။

 

ပြီးလျှင် ရေနွေးအိုးဆူပွက်တဲ့အထဲကို ကြက်သားနှပ်ထားတာကို ရောထည့်လိုက်ပါ။ နာရီဝက်ကျော်ကျော်လောက်ကို နူးသည်အထိ ပြုတ်ပေးပါ။ ပြီးရင်တော့ အအေးခံပြီး ခပ်ပါးပါးလှီးထားပါ။

 

ပြီးနောက် ပဲရည်ချက်ဖို့အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီကို ထည့်ပြီး ဆီသပ်ပါ။ ပြီးလျှင် ပြုတ်ထားတဲ့ ကြက်သားရည်ကိုထည့်၊ ပဲစိမ်းရည်ကိုထည့်လိုက်ပါ။ ပြီးနောက် အရသာအတွက် ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ မဆလာတို့ကို ထည့်ပြီး တည်ထားပါ။  ဟင်းရည်ပွက်ပြီဆိုရင်တော့ ပဲရည်ကျက်ပါပြီ။

 

ကြက်သားသုပ်ဖို့အတွက် ပန်းကန်တစ်ချပ်ကိုယူ ဂေါ်ဖီ၊ ကြက်သား၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ သံပရာသီး၊ ပဲဟင်းရည်တို့ကိုထည့်ပြီးရင်တော့ အရသာရှိတဲ့ ရွှေညောင်ပင် ကြက်သားသုပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ဗီယက်နမ် ကြက်သားဟင်း

 

Read times
Rate this item
(2 votes)