India

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားစတိုင် ပုစွန်နှင့်ပဲသီးအစပ်ကြော်

ဒီကနေ့တင်ပြမည့် ဟင်းချက်နည်းကတော့ မလေးရှားစတိုင် ပုစွန်နှင့်

ပဲသီးအစပ်ကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပုစွန် ၃၀ ကျပ်သား၊ ဗိုလ်စားပဲအနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်၊ ငရုတ်သီးအနည်းငယ်၊ ပုစွန်ခြောက်အနည်းငယ်၊ ဆီအနည်းငယ်၊ Sambal Sauce အနည်းငယ်၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ကြက်သွန်ကြော်အနည်းတို့ လိုအပ်ပါတယ်။

ပုစွန်ကို သန့်စင်အောင်ဆေးကြောပြီး ဆီပူပူထဲထည့်ပြီး ကြော်လိုက်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးကို ပါးပါးလှီးထားပါ။ ပဲသီးကိုရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။

ဒယ်အိုးထဲသို့ အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကို ဆီသတ်ပါ။ Sambal Sauce ထည့်ပါ။ ပြီးလျှင် ဗိုလ်စားပဲသီးထည့်ကြော်ပါ။

ပြီးနောက် ပုစွန်ထည့်ပြီး သမအောင်မွှေပေးပါ။ Sambal Sauce တွင် အရသာအပြည့်ပါပြီးဖြစ်သဖြင့် လိုအပ်ပါက ဆားနှင့် သကြား ထပ်ထည့်ပေးနိုင်ပါတယ်။

အရသာအပေါ့အငန်မြည်းပြီးလျှင် ပန်းကန်ထဲထည့်ပြီးလျှင် ကြက်သွန်ကြော်ဖြူး၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:01
Rate this item
(2 votes)