India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် ဆိတ်သားအစပ်မဆလာကင်

ဆိတ်သားအစပ် မဆလာကင်  မွှေးမွှေးလေးဖြစ်အောင် လုပ်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဆိတ်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီး၊ မဆလာ၊ ဗီနီကာ၊ ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆိတ်သားကို ဗီနီကာရည် အနည်းငယ်နှင့် နယ်ပြီးဆေးပေးပါ။

 

ပြီးလျှင် ချင်းကိုအခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ။

 

ပြီးနောက် ကြက်သွန်ဖြူကိုလည်း အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ။

 

ပြီးလျှင် ရေဆေးပြီးသော ဆိတ်သားကို ခပ်ပါးပါးလေးတွေ လှီးပေးပြီး ချင်းထောင်း၊ ကြက်သွန်ဖြူထောင်း ငရုတ်သီးလုံးကြမ်းခွဲ၊ ဆား၊ ကြက်သားမှုန့်၊ မဆလာ၊ ဆား၊  နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပေးထားပါ။

 

ပြီးနောက် အရသာနယ်ထားသော အသားများကို ရေခဲသေတ္တာထဲမှာ သုံးနာရီခန့် နှပ်ပေးထားပါ။

 

အသားကင်ရန်အတွက် အိုးမကပ်သော ဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။

 

ဆီပူလာလျှင် မီးကိုအနည်းငယ်လျှော့ပေးကာ အရသာနယ်ထားသော အသားများကို ထည့်ပြီး ကင်ပေးပါ။

 

Read More >>>>>  အိန္ဒိယစတိုင် ဆိတ်သားခပတ်ဟင်း

 

တစ်ဖက်ကျက်လျှင် ကျန်တစ်ဖက်ကို လှန်ပေးပြီး ကင်ပေးပါ။

 

ပြီးနောက် နှစ်ဖက်စလုံးကျက်ပါက ကင်ထားသော ဆိတ်သားမွှေးမွှေးလေးကို ဒီအတိုင်းနိုင်သလို သံပရာရည် ညှစ်၍လည်း သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 06 February 2019 17:32
Rate this item
(0 votes)