India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယ ပို့ကုန်ဆန် ဈေးနှုန်းများ ၂ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့သည်မှာ သီတင်းပတ် ၁ ပတ် ရှိပြီ ဖြစ်သည်။ အာရှဆန် အဓိက တင်ပို့သည့် ထိုင်းနှင့် ဗီယက်နမ်တို့ထက် ဈေးချိုနေဆဲ ဖြစ်သဖြင့်  ဝယ်လိုအား ကောင်းနေဆဲ ဖြစ်သည်။ 

အိန္ဒိယ ၅% ဆန်ကွဲပါ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေးသည် တစ်တန်လျှင် $387 ~ $395 ရှိပြီး ယခင် သီတင်းပတ်ဈေးနှုန်းအတိုင်း ဆက်လက်မြင့်မားနေဆဲ ဖြစ်သည်။ 

"မကြာသေးမီက စလို့ အိန္ဒိယ ပို့ကုန်ဆန် ဈေးနှုန်းများ မြင့်တက်နေသော်လည်း အိန္ဒိယဆန်များကို ဝယ်ယူသူများက အခြားနေရာများထက် စျေးသက်သာနေဆဲဖြစ်လို့ ဝယ်ကြပါတယ်” ဟု မွန်ဘိုင်းအခြေစိုက် ဆန်တင်ပို့သူတဦးက ရိုက်တာသတင်းဌာနကို ပြောသည်။

အိန္ဒိယအစိုးရက ပြည်တွင်းဆန် ထောက်ပံ့မှု မူဝါဒ ပြောင်းလဲလိုက်သည်။ ကိုဗစ်ကာလတွင် ဆန်ကို အခမဲ့ ဝေငှသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရပ်ဆိုင်းလိုက်ပြီး အနိမ့်ဈေးဖြင့် ဆန်များ ရောင်းချပေးသည့် အစီအစဉ်ကို စတင်ပါသည်။ 

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ဈေးနှုန်း ခေါ်ဈေး တစ်တန် $500  ရှိပြီး ယခင် သီတင်းပတ်အတိုင်း အမြင့်ဈေးမှာ ဆက်ရှိနေသည်မှာ ၂၀၂၁ မတ်လနောက်ပိုင်း အမြင့်ဆုံး ဆန်ဈေးဖြစ်သည်။ 

ဘတ်နှင့် ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ဘတ်တန်ဖိုး မြင့်တက်လာသဖြင့် ဘတ်ဈေးနှုန်းကို ကန်ဒေါ်လာ ပြောင်းသည့်အခါ ဆန်ဈေးနှုန်း မြင့်နေစေသည်။ ဆန်တင်ပို့သူများ ရထားသည့် ဒေါ်လာများ ဘတ်သို့ ပြောင်းသည့်အခါ အမြတ် လျော့နည်းနေစေသည်။ ထို့အချက်ကို ကာမိစေရန် ထိုင်းပို့ကုန်ဆန်ဈေးနှုန်း မြှင့်တင်ပြီး ဈေး‌ခေါ်ကြသည်။ 

"ထိုင်းဆန် ဝယ်လက်အသစ်တွေ လျော့နည်းသွားတယ်။ အိန္ဒိယဆန် ဈေးနှုန်းနဲ့ ယှဉ်လိုက်ရင် ထိုင်းဆန်က ဈေးကြီးနေတော့ အိန္ဒိယဆန် ဝယ်ဖို့ စီစဉ်ကြတယ်။ ပြည်တွင်းမှာလည်း ဆန်ဝင်တာ လျော့ကျလာပြီ။ အခုဟာက နောက်ဆုံးအသုတ် စပါးပေါ်ချိန် ဖြစ်နေတယ်" ဟု ဘန်ကောက်အခြေစိုက် ဆန်ကုန်သည်က ပြောသည်။ “တကယ်လို့ ဘတ်ငွေက ဆက်ပြီး တက်လာရင် ထိုင်းဆန်ဈေးက ထပ်တက်မှာဆိုတော့ ရောင်းအား ကျပြီး ထိုင်းဆန်တင်ပို့မှု လျာထားချက်ကို လွဲသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းဆန်တင်ပို့ရောင်းချသူများအသင်းက ဘတ်ငွေအားကောင်းမှုကြောင့် ၂၀၂၃ ခုနှစ် ဆန်တင်ပို့မှု ရည်မှန်းချက်ကို တန်ချိန် ၇ ဒသမ ၅ သန်းမှ ၈ သန်းသို့ မကြာသေးခင်က လျှော့ချခဲ့သည်။

YTSB-YANGON-TECHNOLOGY-OF-SMART--BEST.jpg

နှစ်သစ်ကူး အားလပ်ရက်များ ဖြစ်နေသဖြင့် ဗီယက်နမ်ရှိ စျေးကွက်များသည် ယခုအပတ်တွင် ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

နှစ်သစ်ကူး အားလပ်ရက် မတိုင်ခင်က ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> ခေါ်ဈေး တစ်တန်  $445-$450 ရှိခဲ့ပါသည်။ 

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 1305 times Last modified on Friday, 27 January 2023 17:02
Rate this item
(0 votes)