India



အာရှဆန် တပတ်တာ ဈေးအတက်အကျများ

အာရှဆန် တပတ်တာ ဈေးအတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခင်သီတင်းပတ်တွင် ဈေးတက်ခဲ့သည့် အိန္ဒိယပေါင်းဆန် ယခုအပတ်တွင် ဈေးထပ်တက်သည်။ ဈေးတက်သည်မှာ ၄ ပတ်ဆက်တိုက် ရှိပြီ ဖြစ်ပြီး ပြည်တွင်းမှာ ဈေးကွက်ထဲ စပါးအဝင်နည်းနေဆဲ ဖြစ်သဖြင့် ဈေးအမြင့်မှာ ဆက်ရှိနေမည်ဟု ခန့်မှန်းသည်။ 

 ၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် RI-INBKN5-P1 အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $537-$546 ဖြစ်ပေါ်ခဲ့ပြီး ယခုအပတ်တွင် $542-$550 သို့ ဈေးထပ်တက်သည်။ 

 

"ဆန်စက်တွေ စပါးကြိတ်ခွဲတဲ့ ရာသီအသစ် ရောက်နေပေမဲ့ စပါး အရနည်းနေတယ်။ အစိုးရက အရန်ဆန်အတွက် စပါးတွေ ဝယ်နေတော့ ဆန်စက်တွေ စပါး အရနည်းနေတယ်။ ဒီတော့ ပြည်တွင်းဈေးနှုန်းတွေ အမြင့်မှာ ခိုင်မာနေတယ်" ဟု ပြည်ပသို့ ဆန်တင်ပို့သူတဦးက ပြောကြားသည်။ 

ပါကစ္စတန်ဆန် တင်ပို့မှုသည် စံချိန်တင် မြင့်မားဖွယ်ရှိသည်။ အိန္ဒိယက ဆန်ဖြူ တင်ပို့ခွင့် ပိတ်ပင်ထားဆဲ ဖြစ်သဖြင့် ပါကစ္စတန်ဆန်ကို ဝယ်ကြသည်။ အဝယ်လိုက်သဖြင့် ပါကစ္စတန်ဆန် ဈေးနှုန်းများ ၁၆ နှစ်တာအတွင်း အမြင့်ဆုံးနီးပါးသို့ မြင့်တက်သည်။ 

၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 အမျိုးအစား ခေါ်ဈေး တတန်လျှင် ယခင်သီတင်းပတ်တွင် $640 ရှိခဲ့ပြီး ယခုအပတ်တွင် $630 သို့ ကျဆင်းသည်။ 

ထိုင်းဆန် အဝယ်အေးနေသည်။ ကြီးကြီးမားမား အမှာစာများ ဝင်မလာဟု ဘန်ကောက်မှ ကုန်သည်တဦးက ပြောကြားသည်။  

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် RI-VNBKN5-P1 အမျိုးအစားသည် ယခင်သီတင်းပတ်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအတိုင်း ဆက်ရှိနေသည်။ ခေါ်ဈေး တတန်လျှင် $635-$640 ဖြစ်ပါသည်။ 

 

နှစ်သစ်ကူးခါနီးပြီ ဖြစ်၍ အရောင်းအဝယ်များ မရှိလုနီးပါးအထိ နည်းပါးနေသည်။

နှစ်သစ်ကူး အားလပ်ရက်ရှည်အတွက် ဆန်စက်များ ပိတ်ထားကြသည်။ လယ်သမားများထံမှ စပါး အဝယ်လည်း ရပ်ထားကြသည်။ 

ဈေးကွက် အင်္ဂါနေ့မှ စ၍ ပိတ်နားထားသည်။ နောက်အပတ် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၅)ကျမှ အချို့ ပြန်ဖွင့်မည်။ 

Source Reuters 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)