India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် ဆိတ်အူကြမ်း သောက်ဆမ်းချက်

မိုးတွင်းလည်းရောက်တော့မယ်ဆိုတော့ကာ ရှောက်ရွက်နံ့သင်းသင်းလေးနဲ့ အရည်သောက်လေးသောက်ချင်သူများအတွက် ဆိတ်အူကြမ်းသောက်ဆမ်း ချက်စားကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ဆိတ်အူကြမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ချင်း၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးခြောက်၊ ဆီ၊ ဆား၊ ရှောက်ရွက်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆိတ်အူကြမ်းများကို ရေနွေးပူပူလောင်း၍ အပေါ်ခွံများကို ဇွန်းဖြင့် ခြစ်ချပေးပါ။

 

ပြီးနောက် အတုံးသေးလေးများတုံး၍ သံပရာရည်နှင့် နယ်ကာ ရေစင်အောင်ဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။

 

ပြီးလျှင် ငရုတ်သီးအပုခြောက်ကို ရေနွေးဖြင့်စိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့်ရောကာ ညက်အောင် ထောင်းထားပါ။

 

ယင်းအနှစ်များကို ဆိတ်အူကြမ်း၊ ခရမ်းချဉ်သီးတို့နှင့် နယ်၍ အိုးတစ်လုံးထဲသို့ ထည့်ပါ။

 

ပြီးနောက် ဆီနှင့်ရေအနည်းငယ်ထည့်၍ လုံးပြီး ဆိတ်အူကြမ်း မနူးသေးလျှင် ရေများများထည့်၍ တည်ပေးပါ။

 

ဆိတ်အူကြမ်းများ နူးလာလျှင် ရေအနည်းငယ်ကျန်သည် အထိ တည်ပြီး အရသာမြည်းကြည့်ပါ။

 

အရသာစိတ်ကြိုက်ဖြစ်လျှင် မီးပိတ်၍ ရှောက်ရွက်ပါးပါး လှီးထည့်ကာ ထမင်းပူပူလေးနှင့် အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 18 September 2018 13:42
Rate this item
(2 votes)