India

×

Warning

JUser: :_load: Unable to load user with ID: 540


နီပေါသို့ စပါးတင်ပို့ရန် အိန္ဒိယ ခွင့်ပြု

  နီပေါသို့ စပါးတင်ပို့ရန် အိန္ဒိယ ခွင့်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယအစိုးရသည် နီပေါ၏ စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အစဉ်အလာအားဖြင့် အိန္ဒိယကို မှီခိုနေရသည့် နီပေါသို့ တင်ပို့ခွင့်ပြုမည်ဟု ကြေညာချက်ထုတ်ပြန်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

.

ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယသည်  စက်တင်ဘာ ၈ ရက်က ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့သည်။ ထို့ပြင် ဆန်အမျိုးမျိုးပို့မှုအပေါ်  ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ရန် ချမှတ်ပြဋ္ဌာန်းခဲ့သည်။ ပြည်တွင်း စပါးအထွက် လျော့ကျမည် ဖြစ်သဖြင့် ဆန်တင်ပို့မှုကို ချုပ်ထိန်းထားလိုက်ခြင်းဖြစ်ပါသည်။

.

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့လျက်ရှိပြီး ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့နှင့် ယှဉ်ပြိုင်လျက်ရှိသည်။

.

နီပေါနိုင်ငံတွင် လူလတ်တန်းစားများ ပိုများလာခြင်းနှင့် မြို့ပြဓလေ့ ဖွံ့ဖြိုးမှု မြန်ဆန်ခြင်းကြောင့် ဆန်ကြမ်းစားသူဦးရေ လျော့နည်းလာပြီး  ဆန်ကောင်းဝယ်လိုအား မြင့်တက်သည်။ အဓိကအားဖြင့် ပလပ်စတစ်အိတ်ဖြင့် အလုံထုပ်ပိုးပြီး ရောင်းချသည့် ဘာစမာတီဆန် အထုပ်များ အဝယ်လိုက်သည်။ အထူးသဖြင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ဆန်ကောင်း စားသုံးမှု သိသိသာသာ မြင့်တက်လာခဲ့သည်။ 

နီပေါတွင် ဆန်ကြမ်းကိုသာ စိုက်ပျိုးသည်။ ဆန်ကောင်းဆန်ချောနှင့် ဘာစမာတီဆန်တို့ များများစားစား စိုက်ပျိုးခြင်း မပြုကြချေ။ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံမှ ဆန်ကောင်းများနှင့် ဘာစမာတီဆန်တို့ကို တင်သွင်းပြီး ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပါသည်။

Source kathamandupost

Read times Last modified on Tuesday, 15 November 2022 15:15
Rate this item
(0 votes)