India

×

Warning

JUser: :_load: Unable to load user with ID: 540


အီရန်က အိန္ဒိယ ဘာစမာတီဆန်နှင့် လက်ဖက်ခြောက် အဝယ်ရပ်

အီရန်က အိန္ဒိယ ဘာစမာတီဆန်နှင့် လက်ဖက်ခြောက် အဝယ်ရပ် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အီရန်သည် နှစ်စဉ် အိန္ဒိယနိုင်ငံမှ လက်ဖက်ခြောက် ကီလိုဂရမ် ၃၀-၃၅ သန်း နှင့် ဘာစမာတီဆန် ကီလိုဂရမ် ၁.၅ သန်း ဝန်းကျင်ကို ဝယ်ယူနေကျ ဖြစ်သည်။ 

 

ယခုလို အဝယ် ရုတ်တရက် ရပ်လိုက်သည်မှာ အိန္ဒိယအစိုးရနှင့် အီရန် အစိုးရတို့က အရောင်းအဝယ်ကို အိန္ဒိယနိုင်ငံ သုံးငွေ ဖြင့် ရောင်းဝယ်ဖောက်ကားကြရန် ဆွေးနွေးနေဆဲဖြစ်သောကြောင့် ဖြစ်မည်ဟု အချို့ကုန်သည်များက ယူဆကြသည်။ 

သို့ဖြစ်ရာ လောလောဆယ်တွင် လက်ဖက်ခြောက်နှင့် ဘာစမာတီဆန် အဝယ်စာချုပ်အသစ်များ ချုပ်ဆိုခြင်း ရပ်ဆိုင်းထားလိုက်ကြသည်။ 

အီရန် ဝယ်လက်တို့က အဘယ်ကြောင့် အဝယ်ရပ်သည်ကို တစ်စုံတစ်ရာ ပြောကြားခြင်း မပြုကြချေ။ 

နောက်ထပ် ယူဆချက်တစ်ခုမှာ အီရန်တွင် ဆန္ဒပြခြင်းများ နေရာအနှံ့ ပြင်းထန်နေသဖြင့် ဆိုင်များ၊ ဟိုတယ်များ၊ ဈေးများ ပုံမှန် ဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် အခြေအနေ စောင့်ကြည့်ရန် အသစ်ထပ်မမှာကြသေးခြင်းလည်း ဖြစ်နိုင်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်မှ စ၍ အရောင်းအဝယ် ကန်ထရိုက်စာချုပ် အသစ် ချုပ်ဆိုခြင်းများ ရပ်ဆိုင်းသွားခဲ့သည်ဟု အီရန်သို့ လက်ဖက်ခြောက် တင်ပို့နေသည့်  Bhansali & Company မှ မန်နေဂျင်း ဒါရိုက်တာ Anish Bhansali က ပြောကြားသည်။ 

Source economictimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 10 December 2022 18:08
Rate this item
(0 votes)