India

×

Warning

JUser: :_load: Unable to load user with ID: 540


လမ်းသစ်ထွင်တဲ့ အဟာရ ကော်ဖီ JOMO အောင်မြင်မှုရ

ကော်ဖီဟာ ကမ္ဘာတစ်လွှားမှာ အသောက်အများဆုံး အရည်သောက်စရာ ဖြစ်ပြီး နေ့စဉ် ခွက်ရေ နှစ်ဘိလျံ သောက်သုံးကြတယ်။ ကော်ဖီကို ကော်ဖီအဖြစ်ဖြင့်သာ သောက်သုံးကြပြီး အာဟာရအဖြစ် သောက်သုံးခြင်း မရှိခဲ့ဘူး။

အိန္ဒိယနိုင်ငံမှ အစာအဟာရ လုပ်ငန်းငယ်အသစ် Avid Nutrilabs က အာဟာရဓာတ်တွေ ပါတဲ့ ကော်ဖီကို လမ်းသစ်ထွင်ပြီး ထုတ်လုပ်ရောင်းချခဲ့တာ အောင်မြင်မှု ရရှိခဲ့ပြီး ပြည်ပဈေးကွက်များမှာ ဖြန့်ဖြူးရောင်းချဖို့ စီစဉ်နေပါတယ်။

အိန္ဒိယပြည်တွင်းဈေးကွက်ထဲမှာ JOMO brand ဖြင့် အသင့်ဖျော်ကော်ဖီကို စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ ၁၂ ထုပ်ပါနဲ့ ဘူး ၂,၀၀၀ ခြောက်လအတွင်းမှာ ရောင်းကုန်သွားတယ်။
လုပ်ငန်းငယ်အသစ်တစ်ခုအဖို့ အောင်မြင်မှု ဖြစ်ပြီး စင်ကာပူ၊ အမေရိကန်နဲ့ ယူအေအီးတို့မှာ လာမယ့်နှစ်မှာ ဖြန့်ဖြူးဖို့ မျှော်မှန်းထားပါတယ်။

၂၀၂၀ ခုနှစ်မှာ လုပ်ငန်းထူထောင်ခဲ့ပြီး ယခုအခါ

Fitletic (အားကစားသမားများအတွက်),
Yosvita (ကလေးလူကြီး အာဟာရ)
JOMO (စိတ်ဖိစီးမှုသက်သာ၊ ကိုယ်ခံအား တိုး)

တံဆိပ်သုံမျိုးဖြင့် ထုတ်လုပ်ပါတယ်။

JOMO ကော်ဖီထုပ်တွေမှာ အဆီနည်းတဲ့ နို့၊ ဆေးဘက်ဝင်သကြားဓာတ်၊ ဆေးဘက်ဝင်အရွက်မှုန့်၊ ဗီတာမင်အမျိုးမျိုး တို့ ထည့်ပေးထားပါတယ်။

Yosvita ကော်ဖီထုတ်တွေမှာ ကိုယ်ခံအားကောင်းစေမယ့် အာဟာရမှုန့်တွေ ထည့်ပေးထားပါတယ်။ ကိုဗစ်ကြောင့် ကော်ဖီသောက်သူ အများအပြားတို့ ကိုယ်ခံအားကောင်းဖို့ ဂရုစိုက်နေကြချိန်မှာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ကော်ဖီစိုက်ခင်းတွေ Arakku Valley မှာ စိုက်ပျိုးကြပြီး ကော်ဖီထွက်တဲ့ဒေသအဖြစ် လူသိများပါတယ်။

JOMO ရဲ့ ထုတ်ကုန်ကော်ဖီထုပ်အမျိုးမျိုးကို အွန်လိုင်းမှာ အဓိကထားပြီး ရောင်းချပါတယ်။ e-commerce စတိုးဆိုင်တွေဖြစ်တဲ့ Amazon, Flipkart, Big Basket, 1mg, Swiggy တို့မှာ တင်ရောင်းပါတယ်။ ကျန်းမာရေး အာဟာရ သီးသန့်ရောင်းတဲ့ အွန်လိုင်းစတိုးတွေမှာ တင်ပြီး တိုးချဲ့ရောင်းချဖို့ အစီအစဉ် ထားရှိပါတယ်။

 

FoodNavigator.com

Read times
Rate this item
(0 votes)