India



အိန္ဒိယထံမှ ဘာစမာတီ မဟုတ်သောဆန်ဖြူ ဝယ်ယူခွင့် ရရန် စင်ကာပူ ကြိုးပမ်း

အိန္ဒိယထံမှ ဘာစမာတီ မဟုတ်သောဆန်ဖြူ ဝယ်ယူခွင့် ရရန် စင်ကာပူ ကြိုးပမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းမှ စင်ကာပူကို ကင်းလွတ်ခွင့်ပြုရန် စင်ကာပူသည် အိန္ဒိယနှင့် နီးကပ်စွာ ဆက်သွယ်ကြိုးပမ်း နေသည်။

 

အိန္ဒိယမှ ဘာစမာတီမဟုတ်သော ဆန်သည် စင်ကာပူနိုင်ငံမှ ဆန်တင်သွင်းမှုတွင် ၁၇ ရာခိုင်နှုန်းခန့် ပါဝင်သည်ဟု စင်ကာပူစားနပ်ရိက္ခာအေဂျင်စီက ပြောကြားသည်။

 

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ချက်ချင်းသက်ရောက်မှုသည့် ကြေညာချက်ဖြင့် ဆန်အမျိုးအစား အတော်များများ ပြည်ပသို့ တင်ပို့ ရောင်းချမှုကို ပိတ်ပင်ခဲ့သည်။

 

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနက အိန္ဒိယသည် ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုသည် စုစုပေါင်း ဆန်အမျိုးမျိုး တင်ပို့မှု၏ လေးပုံတစ်ပုံခန့်ရှိသည်။

 

အဆိုပါ ဆောင်ရံက်ချက်သည် "ပြည်တွင်းမှာ ဆန် လုံလောက်စွာ ရရှိနိုင်မှုကို သေချာစေရန်" နှင့် "ပြည်တွင်းစျေးကွက်တွင် ဆန်စျေးနှုန်းများ မြင့်တက်မှုကို လျှော့ချနိုင်ရန် ဖြစ်သည်" ဟု ၎င်းက ပြောကြားခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင် အိန္ဒိယဆန်သည် စင်ကာပူမှ တင်သွင်းသော ဆန်တွင် ၄၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ 

 

“SFA သည် ရင်းမြစ်အမျိုးမျိုးမှ အမျိုးမျိုးသော ဆန်မျိုးကွဲများ တင်သွင်းမှု တိုးမြင့်လာစေရန် ဆန်တင်သွင်းသူများနှင့် နီးနီးကပ်ကပ် လုပ်ဆောင်နေပါသည်။ စင်ကာပူသည် ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ရန်အတွက် အိန္ဒိယ အာဏာပိုင်များနှင့်လည္း အနီးကပ် ဆက်သွယ်နေပါသည်” ဟု SFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 အိန္ဒိယအစိုးရသည် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီး စက်တင်ဘာလတွင် ဆန်ဖြူတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ယခုအခါ ဘာစမာတီ မဟုတ်သောဆန်ဖြူ တင်ပို့မှုကို လည်း ပိတ်ပင်ထားခြင်း ဖြစ်သည်။

Source: CNA

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 28 July 2023 19:24
Rate this item
(0 votes)