India



အိန္ဒိယ ဘာစမာတီဆန် ပြည်ပပို့ကုန် အနည်းဆုံး ဈေးနှုန်း မူဝါဒ ဖြေလျော့ပြီးနောက် ရောင်းအားမြင့်တက်

အိန္ဒိယ ဘာစမာတီဆန် ပြည်ပပို့ကုန် အနည်းဆုံး ဈေးနှုန်း မူဝါဒ ဖြေလျော့ပြီးနောက် ရောင်းအားမြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ အဓိကဈေးကွက်များမှ ဝယ်လိုအား အရှိန်မြှင့်ရန် မဟာဗျူဟာမြောက် အရွေ့အနေဖြင့် အိန္ဒိယသည် အသစ်ပေါ်သည့် ဘာစမာတီဆန် မက်ထရစ်တန် ၅၀၀,၀၀၀ ခန့် တင်ပို့ရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ကုန်သည်များမှ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၅) တွင် ပြောကြားကြသည်။

 

ဆန်လုံးရှည် အိန္ဒိယဘာစမာတီဆန်၏ ထူးခြားသော အနံ့အရည်အသွေးကြောင့် ရောင်းပန်းလှသဖြင့်  နှစ်စဉ် ပြည်ပသို့ ဘာစမာတီဆန် တန်ချိန် ၄ သန်းကျော် တင်ပို့နိုင်ခဲ့သည်။  

ဘာစမာတီဆန် ကုန်သွယ်မှုကို အစိုးရ၏ မူဝါဒ အပြောင်းအလဲများကြားတွင် ဆက်လက် ခိုင်ခံ့စေနိုင်ခဲ့ပါသည်။ 

အိန္ဒိယ ဘာစမာတီဆန်ကို အရှေ့အလယ်ပိုင်းဒေသမှ အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံများထံ တင်ပို့သည်။ ထို့ပြင် ဥရောပနှင့် အမေရိကန်တို့ထံ သို့လည်း တင်ပို့ပြီး ဥရောပသည် အိန္ဒိယ ဘာစမာတီဆန်အဖို့ ကြီးမားသော ဈေးကွက်ကြီးတစ်ခု ဖြစ်သည်။

 

ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရန်အတွက် ပြည်တွင်း စားသုံးမှု နည်းပါးသည့် ဘာစမာတီဆန်ကို တင်ပို့ရန် ဆက်လက်ခွင့်ပြုထားပြီး ပြည်တွင်း စားသုံးမှုများသည့်  ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှုအား ဇွန်လတွင် ပိတ်ပင်ခဲ့ပြီးသည်။

ထိုအခါ ကုန်သည်အချို့က ဘာစမာတီ မဟုတ်သောဆန်များကို ဘာစမာတီဆန်ဟု စာရင်းပြပြီး တင်ပို့မှုများ ရှိလာသည်။ ထိုအခါ ဘာစမာတီဆန်အတွက် ပို့ကုန် အနိမ့်ဆုံးဈေးနှုန်း minimum export price (MEP) တတန် $1,200 ဟု အိန္ဒိယအစုိးရက ဩဂုတ်လမှစ၍ သတ်မှတ်ပြဋ္ဌာန်းထားလိုက်သည်။ ၎င်းဈေးနှုန်းအမြင့်ဖြင့် ဘာစမာတီမဟုတ်သော ဆန်ကို စာရင်းပြပြီး တင်ပို့လျှင် အကြီးအကျယ် အရှုံးပြမည်ဖြစ်သည်။ သို့ဖြစ်ရာ က ဘာစမာတီ မဟုတ်သောဆန်များကို ဘာစမာတီဆန်ဟု စာရင်းလိမ်ပြပြီး တင်ပို့ခြင်း မပြုနိုင်ကြတော့ချေ။

 

သို့သော် ၎င်း MEP သည် ဘာစမာတီဆန်များအတွက်လည်း ဈေးနှုန်း မြင့်လွန်းနေသဖြင့် ပြည်ပဝယ်လက်များက မဝယ်ကြတော့ချေ။ ထိုအခါ ကုန်သည်မ‌ျားက export မရှိသဖြင့် ပြည်တွင်းမှ ဘာစမာတီဆန်များကို မဝယ်ကြတော့ချေ။ ဘာစမာတီဆန် အရောင်းအဝယ် ရပ်ကုန်သည်။

ဆန်သစ်ပေါ်ချိန် ဖြစ်သဖြင့် လယ်သမားများသည် လက်ထဲ ရောင်းမရတော့သည့် ဘာစမာတီစပါးများဖြင့် အခက်တွေ့ကုန်ကြသည်။

ကုန်သည်များက MEP လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြသည်။ လုပ်သာကိုင်သာရှိမည့် ဈေးနှုန်း သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး ဘာစမာတီဆန် အဝယ်ရပ်ထားလိုက်ကြသည်။

 

အိန္ဒိယအစိုးရက MEP ကို တတန် $950 ဟု ပြောင်းလဲသတ်မှတ်ပြီး ဖြေလျော့ပေးသည်။

 ဩဂုတ်လက MEP $1200 သတ်မှတ်ပြီးနောက် အရောင်းအဝယ်များ ရပ်တန့်သွားခဲ့ပြီး MEP $950 ပြင်ဆင်သတ်မှတ်ပြီးနေုာက်  ဘာစမာတီဆန် ပြည်တွင်း ရောင်းဝယ်ရေး ပြန်လည်အသက်ဝင်လာသည်ဟု ကုန်သည်များက ပြောကြားကြသည်။

 

ပြည်ပဝယမလက်များကလည်း  အများအပြား ဝယ်ယူကြသည်။

"ယခုအထိ တန်ချိန် ၅၀၀,၀၀၀ ခန့်အတွက် ပို့ကုန်စာချုပ်များ ချုပ်ဆိုထားပြီးပါပြီ"ဟု အိန္ဒိယ ဆန်တင်ပို့သူများအဖွဲ့ချုပ် ဥက္ကဋ္ဌ ပရမ်ဂါ့ဂ်က ပြောသည်။

"ပုံမှန်အားဖြင့် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ဆန်သစ်အတွက် အမှာစာတွေ စတင်ရရှိပေမဲ့ ဒီနှစ်မှာတော့မက်ထရစ်တစ်တန် ကန်ဒေါ်လာ ၁၂၀၀ ရှိတဲ့ MEP က အရောင်းအဝယ် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးဖို့ ခက်ခဲစေခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။

 

အိန္ဒိယကုန်သည်များသည် မက်ထရစ်တန်တစ်တန်လျှင် ကန်ဒေါ်လာ ၁၀၀၀ မှ ၁၅၀၀ ကြားရှိ ဈေးနှုန်းများဖြင့် ဘာစမာတီ တင်ပို့မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ဂါ့ဂ် အပါအဝင် တင်ပို့သူနှစ်ဦးက ပြောကြားသည်။

 

တူရကီ၊ အီရတ်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် ယခုနှစ်တွင် ဘာစမာတီဆန် အများဆုံး ဝယ်ယူသူများဖြစ်သည်။

 

"မက်ထရစ်တန်တစ်တန်ကို ဒေါ်လာ ၉၅၀ နဲ့ MEP ပြဋ္ဌာန်းထားပေမဲ့ ကျွန်တော်တို့ ပုံမှန်နှစ်စဉ် ပမာဏ မက်ထရစ်တန် ၄ သန်းလောက်ကို တင်ပို့နိုင်မယ် ထင်ပါတယ်" ဟု ဂါ့ဂ်က ပြောကြားသည်။

 

Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 16 November 2023 14:59
Rate this item
(0 votes)