India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

12 May 2023
အာရှဆန်
အာရှဆန် ဈေးနှုန်း အတက်အကျ
ထိုင်းပို့ကုန်ဆန်ဈေး ၄ လတာ အမြင့်ဆုံး ရောက်ရှိ

 

အာရှမှ ဆန်တင်ပို့သည့် အဓိက ၃ နိုင်ငံတွင် ပါဝင်သော ထိုင်းနိုင်ငံ ပို့ကုန် ဆန်ဈေးသည် ယခု သီတင်းပတ်တွင် ပြီးခဲ့သည့် လေးလတာအတွင်း အမြင့်ဆုံးသို့ တက်သွားသည်။
ဗီယက်နမ်ဆန် ဈေးနှုန်းများ တည်ငြိမ်နေသည်။ အိမ်နီးနားချင်းနိုင်ငံများမှ အဝယ်လိုက်နေသည်။

အာရှဆန်သည် ၂၀၂၂ တွင် ပြီးခဲ့သည့် ၇ နှစ်တာအတွင်း အထွက် အနည်းဆုံး ဖြစ်ခဲ့သည်။ ယခုနှစ် အာရှဆန် အထွက်များမည်ဟု ခန့်မှန်းထားသည်။


25f14b9d41ace6e75176d9a81e4377af_L.jpg

အာရှတွင် ယခုနှစ် ဆန်အထွက်များမည် ခန့်မှန်း

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6147-asia-rice.html


 

ဆန်တင်ပို့မှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံ ဗီယက်နမ်သည် ယခုနှစ် ပထမ ၄ လတာတွင် တန်ချိန် ၁.၈၅ သန်း တင်ပို့ခဲ့သည်။ ဧပြီလတွင် တနမချိန် ၉၆,၁၆၀၈ တင်ပို့ခဲ့ကြောင်း အကောက်ခွန်ဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
"ချုပ်ဆိုထားတဲ့ စာချုပ်‌ေတွကို ဆန်တင်ပို့ပေးနိုင်ဖို့ ပို့ကုန်လုပ်ငန်းရှင်တွေ ဆန်အဝယ်များနေတယ်။ အရောင်းအဝယ် ကောင်းကြပါတယ်" ဟု ဟိုချီမင်းမြို့ အခြေစိုက်ကုန်သည်တစ္ဦးက ရိုက်တာသတင်းထောက်ကို ပြောကြားသည်။

ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr ကို ဒေသတွင်းအစည်းအဝေးတစ်ခုတွင် ဗီယက်နမ်သည် သင့်လျော်သောစျေးနှုန်းဖြင့် ဖိလစ်ပိုင်သို့ ဆန်ကို ရေရှည်ထောက်ပံ့ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန် အများဆုံးဝယ်ယူ တင်သွင်းနေသည့် နိုင်ငံ ဖြစ်သည်။

မေလ ၁၁ ရက်တွင် ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် တစ်တန်လျှင် ခေါ်ဈေး $485-$495 ရှိသည်။ ယခင်အပတ်ဈေးနှုန်းအတိုင်း ဆက်ရှိနေပြီး တည်ငြိမ်နေသည်။

ယခုသီတင်းပတ်တွင် ၅% ဆန်ကွဲပါ ထိုင်းဆန် တစ်တန် ခေါ်ဈေးသည် ဇန်နဝါရီလ နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီး $498-$500 ဖြစ်လာသည်။ ယခင်အပတ်က တစ်တန် ခေါ်ဈေး $485 ရှိခဲ့သည်။
အင်ဒိုနီးရှားမှ ဝယ်ယူခြင်း၊ ဘတ် ‌ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ဘတ်တန်ဖိုးတက်ခြင်းတို့ကြောင့် ထိုင်းဆန် ဈေးတက်သည်ဟု သုံးသပ်ကြသည်။


၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် ယခင်အပတိ ဈေးနှုန်းအတိုင်း ယခုဆက်ရှိနေသည်။ တစ်တန် ခေါ်ဈေး $376-$380 ရှိသည်။ ဒီဇင်ဘာ နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ ပြည်ပ ဝယ်လက်များထံမှ ဝယ်လိုအား နည်းနေဆဲ ဖြစ်သည်။

Source brecorder

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 12 May 2023 15:06
Rate this item
(0 votes)