India



အိန္ဒိယပေါင်းဆန် ပို့ကုန်ခွန် ပုံသေ သတ်မှတ်ပေးရန် ဆန်ကုန်သည်များ တောင်းဆို

အိန္ဒိယပေါင်းဆန် ပို့ကုန်ခွန် ပုံသေ သတ်မှတ်ပေးရန် ဆန်ကုန်သည်များ တောင်းဆို

https://t.me/Guid4U
JOIN THE CHANNEL 

အောက်တိုဘာလ ၁၃ ရက်တွင် အစိုးရက ပေါင်းဆန်တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းကို မတ်လ ၂၄ ရက်အထိ တိုးမြှင့်ခဲ့သည်။

ဘာစမာတီဆန်အတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ဟု သတ်မှတ်ထားခြင်းကို ဆက်လက် ပြဋ္ဌာန်းကြောင်း ကြေညာခဲ့သည်။

 

ကာလကတ္တားမြို့မှ ဆန်တင်ပို့သူများသည် လက်ရှိပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းဟု သတ်မှတ်ထားခြင်းအစား ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀ ကောက်ခံရန် အိန္ဒိယအစိုးရထံ တောင်းဆိုထားသည်။

ဆန်ရောင်းဝယ်မှုတွင် ဈေးနှုန်း ပြောဆိုရာတွင် ရှုပ်ထွေးမှုများနှင့် ငွေတောင်းခံမှုပြဿနာများကို ဖယ်ရှားပေးမည်ဖြစ်သည်။

 

အိန္ဒိယ ဆန်တင်ပို့သူများ အဖွဲ့ချုပ် Indian Rice Exporters Federation (IREF) ကလည်း ဆန်ဖြူတင်ပို့မှု တားမြစ်ချက်ကို ပြန်လည်စဉ်းစားပြီး ဖြေလျော့ပေးရန်၊ ဘာစမာတီဆန်အတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ဟု သတ်မှတ်ထားခြင်းအစား  အမေရိကန်ဒေါ်လာ ၈၅၀ သို့ လျှော့ချရန် အစိုးရကို တောင်းဆိုထားသည်။

 

IREF ထူထောင်သည်မှာ ရက်ပေါင်း ၁၀၀ ဝန်းကျင်သာရှိသေးပြီး အဖွဲ့ဝင် ၄,၀၀၀ အထိ ရှိလာပြီ ဖြစ်သည်။

 

ပို့ကုန်ဆန် ပိတ်ပင်မှုများကြောင့် နိုင်ငံတကာ ဆန်ဈေးကွက်တွင် ဆန်ဈေး ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပါကစ္စတန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ ပြိုင်ဘက်နိုင်ငံများက ဆန်ဈေး အမြင့်ဖြင့် ရောင်းချကြပြီး အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု ဆန်ကုန်သည်များက ပြောကြားသည်။

IREF ညွှန်ကြားရေးမှူးချုပ် Sanjeev Ahuja က ကမ္ဘာ့အများဆုံးဆန်တင်ပို့သည့် အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏ ၄၆ ရာခိုင်နှုန်းကို တင်ပို့သည်။ နှစ်စဉ် ဆန်တန်ချိန် ၂၂ သန်းခန့် တင်ပို့ကြောင်း ပြောကြားခဲ့သည်။

ဆန်တန်ချိန် ၂၂ သန်းအနက် တန်ချိန် ၅ သန်းမှာ ဘာစမာတီဆန်ဖြစ်ပြီး ကျန်သည်တို့တွင် ဆန်ဖြူနှင့် ပေါင်းဆန်များ ပါဝင်သည်။

ယခုနှစ်တွင် ယခုအချိန်အထိ တန်ချိန် ၆ ဒသမ ၉ သန်းသာ တင်ပို့ထားကြောင်း ၎င်းက ပြောကြားသည်။ 

 

Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 17 October 2023 00:26
Rate this item
(0 votes)