India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

June 29, 2023

• ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယ၏ ပို့ကုန်ဆန် ဈေးနှုန်း ၅ နှစ်တာအတွင်း အထွတ်အထိပ် အမြင့်ဆုံးမှာ ရောက်ရှိနေသည်။
• ဗီယက်နမ်နှင့် ထိုင်းတို့ကလည်း နှစ်နှစ်အတွင်း အမြင့်ဆုံး‌ဈေးနှုန်းသို့ ရောက်ရှိလာသည်။

 

photo_2023-06-30_17-38-33.jpg
.

၅% ဆန်ကွဲပါ အိန္ဒိယ‌ပေါင်းဆန် ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $397 - $405 ရှိခဲ့ပြီး ယခုအပတ် $409-$416 သို့ ဈေးထပ်တက်သည်။ ဈေးတက်လာနေသည်မှာ ၅ ပတ် ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။
၂၀၁၈ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပါသည်။
ဆန်ကြိတ်ဖို့ စပါး အရနည်းနေသည်။ အစိုးရက အရန်ရိက္ခာအတွက် ဝယ်ယူသည့် စပါးဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းချက်ကို ၇% ဈေးတင်ထားသည်။ သို့ဖြစ်ရာ အိန္ဒိယ ပို့ကုန်ဆန် တက်ရိပ် ဆက်ရှိနေသည်။
အာဖရိကဝယ်လက်များ အိန္ဒိယ‌ပေါင်းဆန် ဝယ်ယူမှု အသင့်အတင့် ရှိသည်။
.
.
၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $505 သို့ ဈေးတက်လာခဲ့ပြီး ယခုအပတ်တွင် $515 သို့ ဈေးခုန်တက်သည်။
အာရှနှင့် အာဖရိကတို့မှ ဝယ်လက်များ ထိုင်းဆန်ကို ဈေးအမြင့်ဖြင့် ဝယ်ယူနေကြသည်။ အာရှတွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က ဝယ်ယူလျက် ရှိသည်။
.
.
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $495-$505 ရှိခဲ့ပြီး ယခုအပတ်တွင် $500-$510 သို့ မြင့်တက်သည်။ ၂၀၂၁ ဧပြီလဆန်း ပထမအပတ် နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်။
.
ဘင်္ဂလားဒေ့ရှ်တွင် အစိုးရက မရှိဆင်းရဲသားများကို ဆန် တစ်ကီလို ၃၀ တာကာ ($0.28) ဖြင့် ရောင်းချပေးနေသည်။ ၎င်းအစီအစဉ်တွင် လူဦးရေ ၁၀ သန်း အကျုံးဝင်သည်။
Source Reuters

Source Reuters

TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 30 June 2023 17:39
Rate this item
(0 votes)