India



အာရှဆန် ဈေးနှုန်း ဆက်လက်မြင့်တက်

အာရှဆန် ဈေးနှုန်း ဆက်လက်မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်ပို့သည့် ဆန်ဈေးနှုန်းများသည် ယခုသီတင်းပတ်(နိုဝင်ဘာ ၂၂-၃၀)အတွင်း တိုးမြင့်လာခဲ့သည်။ အဝယ်လိုက်နေသဖြင့် သုံးလတာအတွင်း  အမြင့်ဆုံး‌ေဈးနှုန်းသို့ ရောက်ရှိလာသည်။

 

 အိန္ဒိယဆန်သည်လည်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ဈေးအမြင့်မှာ ဆက်လက်တည်ငြိမ်နေသည်။

 

ထိုင်းဆန်

 ဆန်ကွဲ ၅%ပါ ထိုင်းဆန်ဈေးနှုန်း ယခင်အပတ်က  တတန်လျှင် $600 ရှိခဲ့ပြီး ယခုအပတ်တွင် တတန်လျှင် $630 သို့ မြင့်တက်သည်။

ထိုင်းဆန်ကို ဖိလစ်ပိုင်မှ အဝယ်လိုက်နေသည်။

အချို့ကုန်သည်များက ဈေးထပ်တက်ဦးမည်ကို စောင့်လိုကြသဖြင့် လက်ထဲမှ ဆန်များ ရောင်းချလိုခြင်း မရှိကြချေ။

ဗီယက်နမ်ဆန် 

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်သည် ယခင်သီတင်းပတ်တွင် တတန်လျှင် $650-$655 ခေါ်ဈေး ရှိခဲ့ပြီး ယခုအပတ် ကြာသပတေးနေ့တွင် တတန်လျှင် $655-$665 သို့ ရောက်ရှိလာသည်။

နိုဝင်ဘာလ ၁-၃၀ တလတာတွင် ဗီယက်နမ်ဆန်ကို အဓိကအားဖြင့် အာဖရိက၊ ကျူးဘား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ထံ တင်ပို့သည်။

ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ၁၁ လတာတွင် ဗီယက်နမ်ဆန် ၇.၇၅ သန်း တင်ပို့ခဲ့သည်။

 

အိန္ဒိယဆန်

 

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ဈေးနှုန်းသည် ဈေးအမြင့်မှာ ဆက်လက်တည်ငြိမ်နေပြီး တတန်လျှင် $500 - $507 ခေါ်ဈေး ရှိသည်။ ယခင်အပတ်က ဈေးနှုန်းအတိုင်း ဖြစ်ပါသည်။ မပြောင်းလဲပါ။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 02 December 2023 08:23
Rate this item
(0 votes)