India



အာရှဆန်ဈေးကွက် တပတ်တာ ဈေးနှုန်း အတက်အကျ အခြေအနေ

အာရှဆန်ဈေးကွက် တပတ်တာ ဈေးနှုန်း အတက်အကျ အခြေအနေ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယမှ တင်ပို့သော ပေါင်းဆန် ဈေးနှုန်းသည် ယခုသီတင်းပတ်တွင် နှစ်လတာအတွင်း အမြင့်ဆုံးသို့ တက်လာသည်။ ဆန်တင်ပို့သည့် အခြားနိုင်ငံများတွင် ပို့ကုန်ဆန် ဈေးနှုန်းများ မြင့်တက်သဖြင့် အိန္ဒိယပေါင်းဆန်လည်း ဈေးတက်သည်။ 

 

ဗီယက်နမ်နှင့် ထိုင်းတို့မှ ဆန်ကုန်သည်များတွင် တင်ပို့ရန် ဆန် အကန့်အသတ်ဖြင့်သာ ရနိုင်ချိန်တွင် ပြည်ပမှ အဝယ်လိုက်လာသည်ကို ကြုံနေရသည်။

 

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ခေါ်ဈေးသည် ယခင်သီတင်းပတ်တွင် တတန်လျှင် 508-$515 ရှိခဲ့ရာမှ ယခုသီတင်းပတ်တွင် 510-$517 သို့ မြင့်တက်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်မားဆုံး ဈေးနှုန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

 

အိန္ဒိယသည် ဆန်ဖြူတင်ပို့မှု ပိတ်ပင်ထားသော်လည်း ပြည်တွင်း စပါးဈေးနှုန်းများ အမြင့်မှာ ဆက်ရှိနေသည်။ စပါးအထွက် အသင့်အတင့် ဖြစ်သဖြင့် ဈေးကွက်ထဲ ဆန်အဝင်လည်း အသင့်အတင့်သာ ရှိသည်။ 

 

အစိုးရက အရန်ဆန် သိုလှောင်ရန် စပါးများ ဝယ်ယူနေသည်။ စပါးတန်ချိန် ၄၆.၃၉ သန်း ဝယ်ယူပြီးပြီ ဖြစ်သည်။ 

၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $655-$660 ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်။ ၁၅ နှစ်တာအတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအပတ် $650 သို့ ကျဆင်းသည်။  

 

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှ ၀ယ်လိုအားအချို့ရှိသော်လည်း လာမည့် ရိတ်သိမ်းချိန်အထိ ဆန်သစ် မရနိုင်တော့ဟု ဘန်ကောက်မှ ကုန်သည်တဦးက ပြောကြားသည်။

“ဈေးတွေက ငြိမ်နေတယ်။ ပြီးရင် ပြန်တက်နိုင်တယ်" ဟု ၎င်းက သုံးသပ်သည်။ 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ယခင်အပတ် ခေါ်ဈေး အတိုင်း ယခုအပတ် ဆက်ရှိနေပြီး တတန်လျှင် $653 ခေါ်ဈေး ဖြစ်ပေါ်နေသည်။ 

 

"ဆန်အဝင်က နည်းနေတုန်းပဲ။ ဒီနှစ်မှာ ဗီယက်နမ်ဆန်ဝယ်လိုအား အားကောင်းလာမယ်။ အထူးသဖြင့် ဖိလစ်ပိုင်နဲ့ တရုတ်တို့က ဝယ်ကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်" ဟု ဟိုချီမင်းစီးတီးမ‌ှ ကုန်သည်တဦးက ပြောကြားသည်။

 

၂၀၂၃ ခုနှစ် ဗီယက်နမ်ဆန် ပြည်ပတင်ပို့သည့် ပမာဏ တန်ချိန် ၈.၃၄ သန်း ရှိမည်ဟု ခန့်မှန်းသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 05 January 2024 21:40
Rate this item
(0 votes)