India



အိန္ဒိယ ကြက်သွန်နီ ၄ နိုင်ငံသို့ တင်ပို့ရန် အစိုးရ ခွင့်ပြု

အိန္ဒိယ ကြက်သွန်နီ ၄ နိုင်ငံသို့ တင်ပို့ရန် အစိုးရ ခွင့်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အိန္ဒိယ အစိုးရက ကြက်သွန်နီ တင်ပို့မှုကို မတ်လ ၃၁ ရက်အထိ ပိတ်ပင်ခဲ့ပါသည်။

 

ထိုသို့ ပိတ်ပင်ထားသော်ငြားလည်း အိန္ဒိယအစိုးရသည် မိတ်ဖက်နိုင်ငံများမှ ပန်ကြားပါက တနိုင်ငံချင်းအလိုက် စဉ်းစားပေးပြီး ခွဲတမ်းချပေးပါသည်။

 

ယခုခွဲတမ်း တသုတ်ချပေးခဲ့ရာ၌  အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်၊ မောရစ်ရှပ်၊ ဘာရိန်းနှင့် ဘူတန်သို့ မတ် ၃၁ ရက်အထိ ကြက်သွန်နီ စုစုပေါင်း တန်ချိန် ၅၄,၇၆၀ တင်ပို့ရန် ကုန်သည်များကို ခွင့်ပြုပါသည်။

 

ကြက်သွန်နီများ တင်ပို့ခွင့် ခွဲတမ်းစာရင်းမှာ

• ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၅၀၀၀၀၊ 

• မောရစ်ရှနိုင်ငံသို့ တန်ချိန် ၁၂၀၀၊ 

• ဘာရိန်းနိုင်ငံသို့ တန်ချိန် ၃၀၀၀ 

• ဘူတန်နိုင်ငံသို့ တန်ချိန် ၅၆၀ 

ဖြစ်ပါသည်။ 

Source economictimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)