India



အိန္ဒိယ ဘာစမာတီဆန် ပြည်ပမှ အဝယ်လိုက်နေသဖြင့် ပြည်တွင်း ဘာစမာတီဆန်သစ်များ ဈေးပြန်ကောင်းလာ

အိန္ဒိယ ဘာစမာတီဆန် ပြည်ပမှ အဝယ်လိုက်နေသဖြင့် ပြည်တွင်း ဘာစမာတီဆန်သစ်များ ဈေးပြန်ကောင်းလာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အရှေ့အလယ်ပိုင်းနှင့် ဥရောပရှိ ကမ္ဘာ့ထိပ်တန်း ဝယ်လက်များထံမှ ခိုင်မာသော ဝယ်လိုအားကြောင့် အိန္ဒိယရှိ ရာသီပေါ် ဘာစမာတီဆန်သစ် ဈေးနှုန်းသည် ယခုနှစ်တွင် မြင့်တက်ပြီး ယခင်နှစ်ကထက် ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ပိုများပါသည်။

ပြည်ပတင်ပို့ရန် ဘာစမာတီဆန်သစ် အမြောက်အမြား လက်ကားဝယ်ယူရန် ကုန်သည်များက ဈေးပိုပေးနေကြသည်။

 

ယခင်က ဘာစမာတီဆန် တင်ပို့မှုအတွက် ပြည်ပပိူ့ကုန် အနည်းဆုံးဈေးနှုန်းကို တတန်လျှင် $1,200 သတ်မှတ်ထားခဲ့ရာ ဈေးမြင့်နေသဖြင့် ပို့ကုန်လုပ်ငန်းရှင်များ မလုပ်သာမကိုင်သာ ဖြစ်ပြီး ပြည်ပ ဝယ်လက်များထံမှ အမှာစာများ လျော့ကျနေခဲ့သည်။ သို့ဖြစ်ရာ ကုန်သည်များက ပြည်တွင်းမှာ အဝယ်ရပ်ထားလိုက်ကြသည်။ ဘာစမာတီဆန်သစ်ပေါ်ချိန်တွင် အဝယ်ရပ်သဖြင့် လယ်သမားများ အကျပ်ရိုက်ကုန်သည်။

 

အောက်တိုဘာလတွင် အစိုးရက ဖြေလျှော့ပေးခဲ့သည်။ ပြည်ပပိူ့ကုန် အနည်းဆုံးဈေးနှုန်းကို တတန်လျှင် $950 ဟု လျှော့ချ သတ်မှတ်ပေးလိုက်ရာ ပြည်ပမှ အဝယ်လိုက်လာသည်။ အရောင်းအဝယ် စာချုပ်အသစ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။ သို့ဖြစ်ရာ ကုန်သည်များက ပြည်တွင်းမှာ ဘာစမာတီဆန် အများအပြား ဝယ်ယူကြရာ ပြည်တွင်းဈေးန‌ှုန်း ပြန်မြင့်တက်လာသည်။

 

နိုဝင်ဘာလတွင် ရာသီပေါ် ဘာစမာတီဆန်သစ် မက်ထရစ်တန် ၅ သိန်းခန့် တင်ပို့ရန် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။

 

ထိပ်တန်း ဘာစမာတီဆန်မျိုးကွဲများ၏ လက်ကားဈေးနှုန်းသည် ယမန်နှစ်က တတန်လျှင် ရူပီး ၄၅,၀၀၀ ရှိခဲ့ပြီး ယခုအခါ တတန်လျှင် ရူပီး ၅၀,၀၀၀ ($600 ဝန်းကျင်) သို့ ရောက်ရှိလာသည်။ 

 

ယမန်နှစ်က တတန်လျှင် ရူပီး ၄၀,၀၀၀ ဘာစမာတီ ဆန်အမျိုးအစားများသည် ယခုအခါ ရူပီး ၄၆,၀၀၀ သို့ မြင့်တက်နေသည်။ 

 

“ဆန်စက်တွေနဲ့ တင်ပို့သူတွေက ဘာစမာတီကို ဝယ်ဖို့ လက်ကားဈေးတွေဆီ စုပြုံလာနေကြတယ်။ သူတို့ စာချုပ်တွေ ချုပ်ထားကြတာကို အချိန်မီ တင်ပို့ပေးနိုင်ဖို့ ကြိုးစားကြတယ်" ဟု လယ်သမား တဦးဖြစ်သူ Beniwal က ပြောကြားသည်။

 

အိန္ဒိယသည် နှစ်စဉ် ပရီမီယံ ဘာစမာတီဆန် တန်ချိန် ၄ သန်းကျော် တင်ပို့သည်။ တင်ပို့သည့် နိုင်ငံများတွင် အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်တို့ ပါဝင်သည်။

ဥရောပသည်လည်း ဘာစမာတီ ဆန်ဈေးကွက်ကြီးတစ်ခု ဖြစ်ပါသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 01 December 2023 22:13
Rate this item
(0 votes)