India



အိန္ဒိယသကြား အထွက်နည်းသဖြင့် ကမ္ဘာ့သကြားဈေး အမြင့်မှာ ဆက်ရှိမည်

အိန္ဒိယသကြား အထွက်နည်းသဖြင့်  ကမ္ဘာ့သကြားဈေး အမြင့်မှာ ဆက်ရှိမည်

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယ၏ သကြားထုတ်လုပ်မှုသည် အောက်တိုဘာလ ၁ရက်တွင် စတင်မည့် ၂၀၂၃/၂၄ စျေးကွက်နှစ်တွင် ၈% အထိ ကျဆင်းဖွယ်ရှိသည်။  

 

ကြံ စိုက်ပျိုးမှုတွင် အဓိကျသော ပြည်နယ်များတွင် မိုးရွာသွန်းမှု နည်းပါးသဖြင့် အထွက်နှုန်း ကျဆင်းနိုင်သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားထုတ်လုပ်သူ အိန္ဒိယတွင် သကြား ထုတ်လုပ်မှု နည်းပါးခြင်းကြောင့် အစိုးရက သကြား ပြည်ပတင်ပို့ရန် ခွင့်ပြုတော့မည် မဟုတ်ချေ။ ထိုအခါ ကမ္ဘာ့သကြားဈေးနှုန်းများ အမြင့်တွင် ဆက်ရှိနေစေမည် ဖြစ်သည်။

 

"၂၀၂၃/၂၄  ခုနှစ်အတွက် သကြားထုတ်လုပ်မှုက အီသနော ထုတ်လုပ်တာကို ထည့်မစဉ်းစားရင် တန်ချိန် ၃၃.၈ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂/၂၃ မှာ တန်ချိန် ၃၆.၆ သန်း ထွက်ခဲ့ပါတယ်"ဟု အိန္ဒိယသကြားစက်များအသင်း Indian Sugar Mills Association (ISMA) မှ ပြောကြားသည်။

ဩဂုတ်လတွင် ISMA သည် ယခုကြံရာသီ သကြားထုတ်လုပ်မှုကို  တန်ချိန် ၃၆.၂ သန်းဟု ခန့်မှန်းခဲ့သည်။

 

အီသနော ထုတ်လုပ်မှု အပါအဝင် ပြည်တွင်း သကြားသုံးစွဲမှု ပမာဏ တန်ချိန် ၂၇.၈၅ သန်းထက် ကျော်လွန်သည်ဟု အသင်းက ပြောကြားသည်။

 

အစိုးရက နှစ်စဉ် အီသနော ဝယ်ယူမည့် စျေးနှုန်းကို ကြေညာပြီးမှသာ အီသနော ထုတ်လုပ်ရန် သုံးစွဲမည့် သကြား ပမာဏကို ခန့်မှန်းမည် ဖြစ်ကြောင်း ISMA မှ ပြောကြားသည်။

 

သကြားစက်များသည် ပြီးခဲ့သောစျေးကွက်နှစ်တွင် အီသနောထုတ်လုပ်မှုအတွက် သကြားတန်ချိန် ၄.၁ သန်း သုံးစွဲခဲ့သည်။

ယခုနှစ်တွင်လည်း အလားတူ ပမာဏကို သုံးစွဲမည် ဆိုပါက စားသောက်ကုန်အဖြစ် သုံးစွဲမည့် သကြားပမာဏ တန်ချိန် ၂၉.၆ သန်း ရရှိမည် ဖြစ်သည်။ 

 

Maharashtra နှင့် Karnataka တို့တွင် ခြောက်သွေ့သော ရာသီဥတု၏ သက်ရောက်မှုကြောင့် သကြားအထွက် လျော့နည်းစေမည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ပပို့ကုန်အတွက် လုံလောက်သော ပိုလျှံမှု ရှိလာမည်မဟုတ်သဖြင့် 

အစိုးရအနေဖြင့် ပို့ကုန်ခွဲတမ်းများ ချပေးရန် မဖြစ်နိုင်တော့ချေ။

၇ နှစ်တာအတွင်း ပထမဆုံးအကြိမ် သကြား မတင်ပို့ခြင်း ဖြစ်သည်။

 

photo_2023-11-01_08-29-24.jpg

 

၂၀၂၁/၂၂ တွင် သကြား စံချိန်တင် ၁၁.၁ သန်း ပြည်ပသို့ တင်ပို့ခဲ့သည်။

၂၀၂၂/၂၃ တွင် တန်ချိန် ၆.၂ သန်းသာ ပြည်ပတင်ပို့ရန် ခွဲတမ်း ချပေးခဲ့သည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 01 November 2023 08:35
Rate this item
(0 votes)