India

×

Warning

JUser: :_load: Unable to load user with ID: 540


သီးစုံပဲကုလားဟင်းချက်နည်း

ဒီကနေ့တင်ပြမည့် ဟင်းချက်နည်းကတော့ သတ်သတ်လွတ်သမားများအတွက် ထမင်းမြိန်စေပြီး

စားသုံးရန်သင့်လျော်ပါတယ်။ ပဲကို ပဲစင်းငုံ၊ ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲတို့နှင့် တွဲဖက်၍ ချက်ပြုတ်နိုင်ပါတယ်။

လိုအပ်တဲ့အမယ်များကတော့ ကုလားပဲ၊ အာလူး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ဒန့်ဒလွန်သီး၊ ဗူးသီး၊ မုန်လာဥနီ၊ ငရုပ်သီးမှုန့်၊ နနွင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီနှင့် မကျည်းသီး တို့ ဖြစ်ပါတယ်။

အရင်ဆုံး ပဲကို ရေစိမ်ထားရပါမယ်။ ပြီးလျှင် ပဲကို အိုးထဲထည့်၍ ပြုတ်ထားပါ။ မဝေကျအောင် အိုးထဲတွင် ယောင်းမတပ်ပြီး တည်ထားပါ။ ပဲအိုးတည်ထားစဉ်တွင် အသီးအနှံများ ရေဆေးပြီး လှီးချွတ်ထားပါ။

ပဲကျက်ပြီဆိုလျှင် ဒယ်အိုးထဲသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးမှုန့်ထည့်၊ အမွှေးအကြိုင်များထည့်၍ ဆီသတ်ပါ။ ပြီးနောက် အာလူး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ဒန့်ဒလွန်သီး၊ ဗူးသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပြီး ရေစပ်စပ်ကလေးထည့်တည်ပါ။

အသီးအနှံများ မကျက်တကျက်ဖြစ်နေချိန်မှာပဲ စောစောက ပဲပြုတ်ထားတဲ့အိုးထဲထည့်လိုက်ပါ။ ရေအနည်းငယ် ထပ်ထည့်ပြီး ခဏထားထားပါ။ ဆားအပေါ့အငန်မြည်းပြီး ချကာနီးတွင် မကျည်းမှည့်ရည်ဖျော်ထားတာကို လောင်းထည့်ပါ။ ပဲရော၊ အသီးအနှံတွေပါနူးလျှင် နံနံပင်လေးအုပ်ပြီး သတ်သတ်လွတ် သီးစုံပဲကုလားဟင်းကို သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:58
Rate this item
(2 votes)