India



အိန္ဒိယအစိုးရ ဘာစမာတီဆန် မဟုတ်သော ဆန်ဖြူ တန်ချိန် ၃ သန်း ပြည်ပတင်ပို့ရန် ခွင့်ပြု

အိန္ဒိယအစိုးရ ဘာစမာတီဆန် မဟုတ်သော ဆန်ဖြူ တန်ချိန် ၃ သန်း ပြည်ပတင်ပို့ရန် ခွင့်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယ အစိုးရက ဘာစမာတီမဟုတ်သော ဆန်များကို အာဖရိက ငါးနိုင်ငံ ဖြစ်သည့် ကွန်မိုရို၊ မာဒါဂတ်စကာ၊ အီကွေတိုရီရယ်ဂီနီ၊ ကင်ညာနှင့် အီဂျစ်သို့ တင်ပို့ရန် ခွင့်ပြုထားသည်။ ခွင့်ပြုသည့် စုစုပေါင်း တန်ချိန်မှာ ၂၄၀,၀၀၀ တန် ဖြစ်ပါသည်။

၎င်းဆန်များ အားလုံးကို အသစ်ဖွဲ့စည်းထားသည့် သမဝါယမလုပ်ငန်းဖြစ်သည့် National Cooperatives Exports Limited (NCEL) မှ တင်ပို့ရမည် ဖြစ်သည်။

 

 စင်ကာပူ၊ နီပေါ၊ မလေးရှားနှင့် ဖိလစ်ပိုင် အပါအဝင် အဓိက အာရှနှင့် အာဖရိကနိုင်ငံ ၁၄ နိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၂.၇၇ သန်း တင်ပို့မှုကိုလည်း အိန္ဒိယ အစိုးရက ခွင့်ပြုထားသည်။ 

 ခွင့်ပြုသည့် အမိန့်စာအရ ဘာစမာတီဆန် မဟုတ်သော ဆန်များကို  အာဖရိက ငါးနိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုသည့် ခွဲတမ်းမှာ

● ကွန်မိုရို  ၂၀,၀၀၀ တန်

● မာဒါဂတ်စကာ  ၅၀,၀၀၀ တန်

● အီကွေတိုရီရယ်ဂီနီ  ၁၀,၀၀၀ တန် 

● ကင်ညာ  ၁၀,၀၀၀ တန်

● အီဂျစ် ၆၀,၀၀၀ တန်

အသီးသီး ဖြစ်ပါသည်။ 

အိန္ဒိယအစိုးရသည် ဆန်ကွဲ ပြည်ပတင်ပို့မှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ ပိတ်ပင်ထားခဲ့သည်။ ဘာစမတီမဟုတ်သော ဆန်ဖြူ တင်ပို့မှုများကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စ၍ ပိတ်ပင်ထားခဲ့သည်။ ဗဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံများထံသို့ တင်ပို့ရန် အခါအားလျော်စွာ ခွဲတမ်းချပေးသည်။

ခွဲတမ်းချပေးသည့် အာရှနိုင်ငံများတွင် စင်ကာပူ၊ နီပေါ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့  ပါဝင်သည်။ 

 

အိန္ဒိယအစိုးရသည်  ဂျုံအမျိုးမျိုး တင်ပို့မှုကို ၂၀၂၂ ခုနှစ် မေလကတည်းက ပိတ်ပင်ထားခဲ့ပြီး အခါအားလျော်စွာ ပြည်ပသို့ တင်ပို့ရန် ခွဲတမ်းချပေးခဲ့ပါသည်။ 

အိမ်နီးနားချင်းနိုင်ငံ ဖြစ်သော် ဘူတန်နိုင်ငံသို့လည်း ခွဲတမ်းချပေးခဲ့ရာ နိုဝင်ဘာလ ၃၀ ရက်တွင် ဆန်ကွဲ ၄၈,၈၀၄ တန် ခွင့်ပြုပေးခဲ့သည်။  ထို့အပြင် ဂျုံအမျိုးမျိုး  ၁၄,၁၈၄ တန် တင်ပို့ရန် ခွင့်ပြုပေးခဲ့သည်။ 

 

ထို့ပြင် ၎င်းရက်စွဲဖြင့်  နိုင်ငံ ၄ နိုင်ငံသို့  ဆန်ကွဲတင်ပို့ရန် ခွဲတမ်းချပေးခဲ့ရာ 

● မာလီ တန်ချိန် ၁၀၀,၀၀

● ဆီနီဂေါ တန်ချိန် ၅၀၀,၀၀၀

● ဂမ်ဘီယာ တန်ချိန် ၅၀,၀၀၀

● အင်ဒိုနီးရှား တန်ချိန် ၂၀၀,၀၀၀

တို့ ဖြစ်ပါသည်။ 

 

အိန္ဒိယအစိုးရသည် ၂၀၂၃ခုနှစ် ဩဂုတ်လမှ စ၍  ပေါင်းဆန်တင်ပို့မှုအပေါ်တွင် ပို့ကုန်ခွန် ၂၀% စည်းကြပ်ရန် ပြဋ္ဌာန်းထားပါသည်။ 

Source livemint


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 10 December 2023 13:57
Rate this item
(0 votes)